Sunday, March 26, 2017

အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးငါးနှစ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်


Image may contain: one or more people
နေပြည်တော် မတ် ၂၅
မြန်မာနိုင်ငံတွင်လည်း တီဘီ၊ တီဘီ/အိပ်ခ်ျအိုင်ဗွီနှင့် ဆေးယဉ်ပါးတီဘီရောဂါများသည် ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ် နှစ်ချုပ်အစီရင်ခံစာအရ စုစုပေါင်းတီဘီလူနာ တစ်သိန်းလေးသောင်းခန့်ကို ရှာဖွေကုသပေးနိုင်ခဲ့ပါ ကြောင်းနှင့် ကမ္ဘာ့တီဘီရည်မှန်းချက်(၂ဝ၃၅)ကို ပြည့်မီ နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော End TB Strategy ကို အခြေခံ၍ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးငါးနှစ်စီမံကိန်း(National Strategic Plan) (၂ဝ၁၆-၂ဝ၂ဝ)ကိုရေးဆွဲခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း မတ် ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂ဝ၁၇ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
တီဘီရောဂါသည် ကမ္ဘာပေါ်၌ ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံမှာ တီဘီပိုးကူးစက်ခံထားရကြောင်း၊ နှစ်စဉ် ကမ္ဘာပေါ်တွင် တီဘီလူနာ ၁ဝ ဒသမ ၄ သန်းခန့် ဖြစ်ပွား ပြီး ၁ ဒသမ ၈ သန်းခန့် သေဆုံးလျက်ရှိကြောင်း၊ တီဘီ ရောဂါဖြစ်ပွားသူများ၏ ၈ဝ ရာခိုင်နှုန်းသည် အသက်(၁၅)နှစ်မှ (၅၄)နှစ်အရွယ်တွင် အဖြစ်များသဖြင့် တိုင်းပြည်၏ကုန်ထုတ်စွမ်းအား အပေးနိုင်ဆုံးအုပ်စုတွင် ဖြစ်ပွားနေ သည်ကို တွေ့ရှိရကြောင်း။
ဆေးယဉ်ပါးတီဘီလူနာများကို ၂ဝ၁၆ ခုနှစ်၌ မြို့နယ် အားလုံးတွင် ရောဂါရှာဖွေဆေးကုသမှုခံယူနိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ၂ဝ၁၃ ခုနှစ်အတွင်း ကုသခဲ့သော ဆေးယဉ်ပါးတီဘီလူနာများ၏ ဆေးကုသမှု အောင်မြင်နှုန်းမှာ ၈၃ ရာခိုင်နှုန်းအထိ အောင်မြင်မှုရရှိ ခဲ့ကြောင်း၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ(Global Fund)နှင့် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး (3MDG)ပုံငွေများဖြင့် ဆေးယဉ်ပါးတီဘီလူနာများ ကို အာဟာရထောက်ပံ့ခြင်း၊ ခရီးစရိတ်ထောက်ပံ့ခြင်း များနှင့် ဓာတ်ခွဲစစ်ဆေးမှုများအတွက် ကုန်ကျစရိတ် ထောက်ပံ့ခြင်းတို့ကို ဆေးကုသမှုကာလ လပေါင်း ၂ဝ အတွင်းရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
ဆေးယဉ်ပါးတီဘီရောဂါရှာဖွေခြင်းကို လူနာများ လက်လှမ်းမီစေရန်လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ဇီဝလုံခြုံမှုအဆင့်(၃)ရှိ တီဘီဓာတ်ခွဲ ခန်းများဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်တွင် မော်လမြိုင်မြို့၌ တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ် လျက်ရှိသည်။ လူဦးရေ ၅၁ ဒသမ ၄ သန်းရှိသည့် မြန်မာ နိုင်ငံတွင် နှစ်စဉ် တီဘီလူနာသစ်နှစ်သိန်းခန့် ဖြစ်ပွားနေ သည်ဟု ခန့်မှန်းထားရာ ၂ဝ၁၆ ခုနှစ်တွင် တီဘီလူနာ တစ်သိန်းခွဲခန့်သာ ရောဂါရှာဖွေကုသမှုပေးနိုင်ခြင်းကြောင့် တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။
၂ဝ၁၇ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ Unite to End TB ဖြစ်ပြီး ''တီဘီရောဂါကင်းဝေးဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့'' ဟု မြန်မာမှုပြုထားရာ တီဘီရောဂါတိုက်ဖျက်ရေးဝန်ထမ်း များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများသည် စေတနာ့ ဝန်ထမ်းကျန်းမာရေးလုပ်သားများ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ အလှူရှင်အဖွဲ့အစည်းများနှင့်ပူးပေါင်း ကာ နယ်စပ်ဒေသများအပါအဝင် ကျေးလက်ဒေသ အောက်ခြေအထိ ရောဂါရှာဖွေကုသမှုပေးနိုင်ရေး ဆောင် ရွက်ရမည်ဖြစ်သည်။
တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အတူ နှီးနွှယ်ဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပလူမှုရေး အဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ကြမှသာ ကမ္ဘာ့တီဘီရည်မှန်းချက်ဖြစ် သည့် ၂ဝ၃၅ ခုနှစ်တွင် တီဘီရောဂါအမှန်တကယ် ကင်းဝေး သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
(နိုင်လင်းကြည်)

No comments:

Post a Comment