Sunday, March 26, 2017

လူထုဗဟိုပြုစီမံကိန်းမှ ဒုတိယနှစ်စီမံကိန်းစက်ဝန်း အကောင်အထည်ဖော်မည့်တတိယအကြိမ်အစည်းအဝေးကျင်း


Image may contain: one or more people, people sitting and outdoor
ရန်ကုန် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ကော့မှူးမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ဒုတိယနှစ် စီမံကိန်းစက်ဝန်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များဆောင်ရွက်ရန် အတွက် တတိယအကြိမ်အစည်းအဝေးကို မတ် ၂၃ ရက်က ခလောင် ကျေးရွာအုပ်စု တမံကျေးရွာ၌ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ဒုတိယနှစ်စီမံကိန်းအတွက် ကျေးရွာမှ လုပ်ဆောင်မည့်လုပ်ငန်းများကို မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင် အထည်ဖော်ရေးကော်မတီမှ အတည်ပြုပြီးဖြစ်ကြောင်းနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်များအား ကျေးရွာလူထုသို့ အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
(ခတ္တာစိုး)

No comments:

Post a Comment