Friday, March 24, 2017

အင်းတော်မြို့နယ် သက္ကယ်ကျင်းကျေးရွာတွင် ထမင်းအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွား


Image may contain: one or more people, sky, bridge and outdoor
အင်းတော် မတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ် သက္ကယ်ကျင်းကျေးရွာရှိနေအိမ်တစ်အိမ်တွင် မတ် ၂၂ ရက် ညနေ ၄ နာရီခန့်က ထမင်းအိုး တည်ရာမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဦးဖိုးဆောင်း ပိုင်ဆိုင်သည့် နေအိမ်တွင် ထမင်းအိုးတည်ရာ မှ မီးလောင်မှုဖြစ်ပွားခဲ့ရာ အင်းတော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှမျိုးလွင် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် နှစ်စီး၊သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ငါးဦးနှင့် ကျေးရွာ သူ ရွာသားများ ဝိုင်းဝန်းငြှိမ်းသတ် ခဲ့မှုကြောင့် ဦးဖိုးဆောင်းပိုင်နေအိမ် တစ်လုံးသာ မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မီး ပေါ့ဆစွာအသုံးပြုသူ ဦးဖိုးဆောင်း အား အင်းတော်မြို့မရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကိုမင်း(အင်းတော်)

No comments:

Post a Comment