
နယူးဒေလီ မတ် ၂၅
အိန္ဒိယရေတပ်မှ လေယာဉ်တင်သင်္ဘော အိုင်အန်အက်စ်ဗစ်ကရာ မာဒီတရာ ပေါ်တွင် မကြာသေးမီက တပ်ဆင်ခဲ့သည့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ် (အက်စ်အေအမ်)မှ ဒုံးကျည်တစ်စင်း ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ခဲ့ရာ အောင်မြင်မှုရရှိကြောင်း အိန္ဒိယရေတပ်မှ မတ် ၂၄ ရက်တွင် ပြောကြားသည်။
ယင်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို အာရေဗျပင်လယ်တွင် မတ် ၂၂ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယအနောက်ပိုင်း စစ်ရေယာဉ်စု၏ ပုံမှန်ခုတ်မောင်းသွားလာ မှု အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းရေယာဉ် စုမှ ဒုတိယရေကြောင်း ဗိုလ်ချုပ်ကြီး ဂီရစ် လူဘရာက တရားဝင်ထုတ်ပြန်ချက်၌ ဖော်ပြသည်။
မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို အာရေဗျပင်လယ် အတွင်း ပြုလုပ်ခဲ့ပြီး အရှိန်ပြင်းစွာ အနိမ့် ပျံသန်းလာသော ပစ်မှတ်အား ဒုံးကျည်က အောင်မြင်စွာ ထိတွေ့ဖျက်ဆီးနိုင်ခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြသည်။
အိန္ဒိယရေတပ်မှ လေယာဉ်တင် သင်္ဘော အိုင်အန်အက်စ် ဗစ်ကရာမာဒီ တရာသည် ဆိုဗီယက်ခေတ်က တည်ဆောက် ခဲ့သည့် ကိဗ်ယက် အတန်းအစား လေယာဉ် တင်သင်္ဘောအား ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားခြင်းဖြစ်ပြီး ၂ဝ၁၃ ခုနှစ်တွင် အိန္ဒိယရေတပ်၌ တာဝန်ထမ်းဆောင်ခြင်း အခမ်းအနားကို ရုရှားနိုင်ငံ ဆီဗီရိုဘင့် ရေတပ်စခန်း၌ ကျင်းပခဲ့သည်။
ဆင်ဟွာ။
No comments:
Post a Comment