
ကိုင်ရို မတ် ၂၅
အီဂျစ်နိုင်ငံသတင်းထောက်များသမဂ္ဂ အကြီး အကဲဟောင်းအား ၎င်း၏ လုပ်ဖော်ကိုင်ဖက် ဟောင်းများကို အကာအကွယ်ပေးမှု အပါ အဝင် မဟုတ်မမှန်သတင်းများ ပြန့်ပွားစေ မှုတို့ဖြင့် စွဲချက်တင်ကာ တရားရုံးက အမိန့် ချမှတ်ခဲ့သော ပြစ်ဒဏ်များကို အီဂျစ်အယူခံ တရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် တစ်နှစ်ချမှတ် လိုက်ကြောင်း ယနေ့ ရိုက်တာသတင်းတစ်ရပ် အရ သိရသည်။
မတ် ၂၅ ရက်တွင် အယူခံတရားရုံးက သတင်းထောက်များသမဂ္ဂ အကြီးအကဲ ဟောင်း ယာဟီရာကွာလတ်နှင့် သူ့အပေါင်း အပါနှစ်ဦးအား ဆိုင်းငံ့ပြစ်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။
လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ကို တားဆီးပိတ်ပင်သည့် လုပ်ရပ်အဖြစ် ယာဟီရာကွာလတ်နှင့် သူ၏အပေါင်းအပါ နှစ်ဦးအား နိုဝင်ဘာလတွင် တရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ အသီးသီးချမှတ်ခဲ့သည်။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့က အဆိုပါ တရားစီရင်ချက်ချမှတ်မှုကို ရှုတ်ချခဲ့ကြောင်း သိရသည်။
၎င်းတို့၏ သတင်းရေးသားဖော်ပြမှု ကြောင့် အီဂျစ်သမ္မတ အယ်လ်စီစီအပေါ် ဆန့်ကျင်လိုစိတ်များ ဖြစ်ပေါ်စေခဲ့သည့် အတွက် ၎င်းတို့အား စွဲချက်တင်ခဲ့ခြင်းဖြစ် သည်။ ထို့ပြင် ၎င်းတို့အားစွဲချက်တင်မှုသည် မေလအတွင်းက အစိုးရဆန့်ကျင်၊ မဟုတ် မမှန်သတင်းများရေးသားသော သတင်း ထောက်နှစ်ဦးအား ဖမ်းဆီးရန် သတင်း ထောက်များအဖွဲ့သို့ ရဲအရာရှိများဝင်ရောက် စီးနင်းမှုနှင့် အနည်းငယ်ဆက်နွှယ်နေသည်။ ယင်းသို့ ရဲအရာရှိများက သတင်းထောက် အဖွဲ့သို့ ဝင်ရောက်စီးနင်းမှုသည် ၇၅ နှစ်တာ ကာလအတွင်း ပထမဆုံးသောအကြိမ်ဖြစ် သည်ဟု သတင်းထောက်သမဂ္ဂ တာဝန်ရှိသူ များက ဆိုသည်။
သတင်းထောက်သမဂ္ဂအား ဝင်ရောက် စီးနင်းခဲ့ခြင်းအပေါ် ပြည်ထဲရေးဝန်ကြီး ဌာနက ငြင်းဆိုခဲ့သော်လည်း အစိုးရဆန့်ကျင် သည့်သတင်းထောက်နှစ်ဦးအား ဖမ်းဆီးထား သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့ ကြောင်း သိရသည်။
ရိုက်တာ။
No comments:
Post a Comment