Sunday, March 26, 2017

ကလေးစာပေပွဲတော်(ဖျာပုံ)၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပပြီးစီး



No automatic alt text available.
ဖျာပုံ မတ် ၂၅
ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေး စာပေပွဲတော်(ဖျာပုံ)၊ ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို မတ် ၂၄ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ နှစ်ပိုင်းခွဲ၍ ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဦးငွေထွန်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ ပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူးက အဖွင့်အမှာစကားပြောကြားပြီး အမက(၇)ဖျာပုံ တောင်ပိုင်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက ကလေးစာပေ ပွဲတော်သီချင်းဖြင့် ဖျော်ဖြေတင်ဆက် ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျအုန်းက အမှာစကား ဆက်လက်ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ကလေးစာပေပွဲတော်အတွက် အလှူငွေကျပ်သုံးသိန်းနှင့် ပုဂ္ဂလိက အလှူရှင်များက အလှူငွေပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ကလေးစာပေပွဲတော် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးဇော်မင်းက ပွဲတော်ကျင်းပရ ခြင်းရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး စာရေးဆရာ/သတင်းထောက် သပြေထွန်းက မုဒိတာ စကားလက်ဆောင် ဟောပြောသည်။ ထို့နောက် ကလေးစာပေပွဲတော် ပုံပြောပြိုင်ပွဲ(အလယ်တန်းအဆင့်)နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ (မူလတန်း၊ အလယ်တန်းအဆင့်) ပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်ဦးစီးအရာရှိ ဦးဇော်မင်း၊ မြို့နယ်ပညာရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
(ဝ၈၆)

No comments:

Post a Comment