Saturday, February 25, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဆွီဒင်နိုင်ငံလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ



 နေပြည်တော် ဖေဖော်ဝါရီ ၂၄

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဆွီဒင်နိုင်ငံRiksda လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Urban Ahlinဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

 ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ ပိုမို တိုးမြှင့်ရေး၊ ဆွီဒင်နိုင်ငံနှင့် မြန်မာနိုင်ငံ သတ္တု၊ သစ်တောကဏ္ဍ အပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ရေး၊ ဆွီဒင်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ် နှင့် ဒီမိုကရေစီနိုင်ငံတည်ဆောက်မှုကို ထောက်ခံအားပေးကြောင်းနှင့် မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွင် ကူညီပံ့ပိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာ အောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment