Saturday, February 25, 2017

မြန်မာနိုင်ငံ၏ လူနေမှုဘဝနှင့် လယ်ယာ၊ သားငါးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေး ဆွေးနွေး



Image may contain: 7 people, people sitting and indoor
 နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဂျပန်နိုင်ငံ International Friendship Exchange Council-FEC အဖွဲ့၏ ဂျပန်-အာဆီယံ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာဖလှယ်မှုကော်မတီဥက္ကဋ္ဌ မစ္စတာ နိုရီအို ယာမာဂူချီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

  တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လူနေမှုဘဝနှင့် လယ်ယာ၊ သားငါးကဏ္ဍ တိုးတက်ဖွံ့ဖြိုး ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကဏ္ဍတွင် စဉ်ဆက် မပြတ် ဖွံ့ဖြိုးပြီး ရေရှည်တည်တံ့ခိုင်မြဲရေးတို့၌ ဂျပန်နိုင်ငံမှ ပူးပေါင်းကူညီဆောင်ရွက် ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

တက်ရောက်
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment