ရန်ကုန် ဖေဖော်ဝါရီ ၂၄
ရလဒ်အခြေပြု သင်ရိုးညွှန်းတမ်းသို့ ရှေးရှုခြင်းအလုပ်ရုံဆွေးနွေးပွဲ(Towards outcome-based curriculum for B.D.S. Course) ကို ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်၌ ကျင်းပသည်။
သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ကြိုသင်တန်းများအတွက်ကျင်းပသော အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန်နှင့် မ္တလေးတို့မှ ဆရာ ဆရာမ ၃၁ ဦးတက်ရောက်ကြပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးနှင့် နှီးနွှယ်တက္ကသိုလ်များမှ တာဝန်ရှိသူများက ဟောပြောပို့ချခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment