Saturday, February 25, 2017

နော်ဝေနိုင်ငံ ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ်တွင် မြန်မာနိုင်ငံမှ သစ်ခွမျိုးစေ့များ ထိန်းသိမ်းထားရှိရန် အပ်နှံ



 နေပြည်တော် ဖေဖော်ဝါရီ ၂၄ 

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက်က နော်ဝေနိုင်ငံ ရာသီဥတုနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး H.E. Mr. Vidar Helgesenနှင့် နော်ဝေ နိုင်ငံ မြို့တော် အော်စလိုမြို့၌တွေ့ဆုံ၍ သစ်တောသယံဇာတများ ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိရေးဆိုင်ရာ နော်ဝေ-မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံ ကိန်းများ အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

  ထို့နောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် နော်ဝေနိုင်ငံ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဝန်ကြီးH.E. Mr. Jon George Dale နှင့် တာဝန်ရှိသူများအားတွေ့ဆုံပြီးSvalbardရှိ ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ်(Svalbard Global Seed Vault) တွင် မြန်မာနိုင်ငံမှ သဘာဝသစ်ခွမျိုးစိတ် ၂၇ဝ ကျော်၏ မျိုးစေ့များ အပ်နှံထားရှိသည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခဲ့သည်။

နော်ဝေနိုင်ငSvalbardဒေသတွင် ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ်ကို တည် ထောင်ထားပြီး ကမ္ဘာတစ်ဝန်းစိုက်ပျိုးသီးနှံပင်မျိုးစိတ်များ၏ မျိုးစေ့များကို စုဆောင်း ၍ သိပ္ပံနည်းကျ ထိန်းသိမ်းသိုလှောင်ထားရှိပြီး အပင်မျိုးစိတ်များ အကြောင်းကြောင်း ကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားမည့် အန္တရာယ်မှ တားဆီးကာကွယ်သည့် အစီ အစဉ်ကို အကောင်အထည်ဖော်လျက်ရှိသည်။

ထိန်းသိမ်းသိုလှောင်ထား
အဆိုပါ မျိုးစေ့ဘဏ်ကို နော်ဝေနိုင်ငံ မြောက်ဝင်ရိုးစွန်းဒေသSvalbard (စပါးဘတ်)ဒေသ ဆီးနှင်းများ အမြဲဖုံးလွှမ်းလျက်ရှိသော တောင်တန်း(Permafrost Mountain) အတွင်း တည်ဆောက်ထားပြီး အပူချိန် အနုတ် (၁၈)ဒီဂရီဆဲလ်စီးယပ် တွင် မျိုးဗီဇနှင့် မျိုးစေ့များကို စနစ်တကျ သိုလှောင်ထိန်းသိမ်းထားခြင်းဖြစ်သည်။ ယင်းမျိုးစေ့ဘဏ်ကို ၂ဝဝ၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကုန် အထိ ကမ္ဘာ့စိုက်ပျိုးသီးနှံအားလုံး၏ သုံးပုံတစ်ပုံဖြစ်သော စိုက်ပျိုးသီးနှံ မျိုးစိတ်/ မျိုးကွဲ ၈၃၃၉၂၆ မျိုးကို ထိန်းသိမ်းသိုလှောင်ထားပြီးဖြစ်သည်။


စိုက်ပျိုးသီးနှံမျိုးစိတ်များအပြင် သဘာဝသစ်ခွမျိုးစိတ်များ၏ မျိုးစေ့များကိုSvalbard ရှိ ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ်တွင် ထိန်းသိမ်းသိုလှောင်ထားရှိခြင်း မှာ မြန်မာနိုင်ငံက ပထမဆုံးဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက်တွင် Elverum မြို့ရှိ နော်ဝေသစ်တောပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြ သည်။
(သတင်းစဉ်)

No comments:

Post a Comment