Saturday, February 25, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌနှင့် ဆွီဒင်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌတို့အား လက်ခံတွေ့ဆုံ



 နေပြည်တော် ဖေဖော်ဝါရီ ၂၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌMr. Mikhail A. Dmitriev ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် လည်းကောင်း၊ ဆွီဒင် နိုင်ငံ Riksdag လွှတ်တော်ဥက္ကဋ္ဌH.E. Mr. Urban Ahlinအား မွန်းလွဲ ၃ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။ 

ဆွေးနွေး
ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံပြည်သူ များအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဆွီဒင်နိုင်ငံ Riksdagလွှတ်တော်ဥက္ကဋ္ဌ နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ မြန်မာ-ဆွီဒင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်း ကောင်း ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment