
ဝါရှင်တန် ဇန်နဝါရီ ၎
အမေရိကန်ရွေးကောက်ခံ သမ္မတလောင်း ဒေါ်နယ်လ်ထရန့် က ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကာရိုလင်း ကနေဒီ နေရာတွင် သူ၏နိုင်ငံရေးအသွင်ပြောင်းလဲရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဝီလီယံ ဟာဂျာတီအား အစားထိုး ခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝီလီယံ ဟာဂျာတီသည် ဒေါ်နယ်ထရန့်နှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်သူဖြစ်ပြီး မစ်ရိုနေးအပါအဝင် ရီပတ်ဘလီကန်အမာခံအဖွဲ့ဝင်များနှင့်လည်း ခင်မင်ရင်းနှီး မှုရှိကြောင်း သတင်းများအရ သိရသည်။
ဟာဂျာတီသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပုဂ္ဂလိက အကြံပေးလုပ်ငန်းတစ်ခုထူထောင်ထားပြီး အခြေချနေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သည်။
ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နေရာကို ဂျပန်ဘေ့စ်ဘောအသင်း၏ မန်နေဂျာ ဘော်ဘီ ဗာလင်တင်း အပါအဝင် လူအများအပြားအနက် ရွေးချယ်ခန့်အပ်ရန် စီစဉ်လျက်ရှိသည်။
အကယ်၍ ဟာဂျာတီအား ထရန့်က ဂျပန် သံအမတ်အဖြစ်ရွေးချယ်ပြီး ကွန်ဂရက်က သဘောတူ လက်ခံခဲ့ပါက ဟာဂျာတီသည် လက်ရှိ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကာရိုလင်းကနေဒီ နေရာကို အစားထိုးဝင်ရောက်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ဒေါ်နယ်လ်ထရန့်သည် တရုတ်နှင့် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်များ ခန့်အပ်ရန် ရွေးချယ်ထားပြီးဖြစ်သည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment