Thursday, January 5, 2017

တရုတ်နိုင်ငံမှ လန်ဒန်မြို့သို့ ကုန်စည်ရထားပြေးဆွဲမည်



Image may contain: train and outdoor
လန်ဒန် ဇန်နဝါရီ ၎
တရုတ်နိုင်ငံ ယင်ဝူမြို့မှ လန်ဒန်မြို့သို့ ကုန်စည်ရထားပို့ဆောင်ရေးဝန်ဆောင်မှုကို ပထမဆုံးအနေဖြင့် စတင်လိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရသည်။
ယင်ဝူမြို့သည် တရုတ်နိုင်ငံ ကျန်ကျန့်စီရင်စုရှိ ဈေးမြို့တော်တစ်ခုဖြစ်သည်။
အဆိုပါကုန်ရထားသည် တရုတ်နိုင်ငံမှ ဗြိတိန် နိုင်ငံသို့ မိုင်ပေါင်း ၇၅ဝဝ ကျော် (၁၂ဝဝဝ ကီလိုမီတာ) ခုတ်မောင်းရမည်ဖြစ်သည်။ ရက်ပေါင်း ၁၈ ရက်တိုင်တိုင် ကြာညောင်းမည်ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကာဇက်စတန်၊ ရုရှား၊ ဘယ်လာရုစ်၊ ပိုလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံများကို ဖြတ်သန်းသွားမည် ဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းက တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အနောက်နိုင်ငံများသို့ စီးဝင်ရောက်ရှိမှုတွင် ဗြိတိန်နိုင်ငံကို ဂိတ်တံခါးတစ်ခုအဖြစ် သတ်မှတ်နိုင်ရန် မဟာမိတ်နိုင်ငံများနှင့် စီးပွားရေးအမြင်များ ဖလှယ်ခဲ့သည်။
ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့မှ နုတ်ထွက်ခဲ့သောကြောင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များကိုရရှိရန် ကြိုးပမ်းလျက်ရှိသည့်အတွက် တရုတ်နိုင်ငံ နှင့်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ် ထရီစာမေက ဆိုသည်။
ရိုက်တာ။

No comments:

Post a Comment