Thursday, January 5, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ



Image may contain: 10 people, people standing and crowd
နေပြည်တော် ဇန်နဝါရီ ၎
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့က တည်ခင်းဧည့်ခံ သည့် ၂ဝ၁၇ ခုနှစ် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဥပစာ မြက်ခင်းပြင်၌ ကျင်းပသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့်ဇနီးတို့သည် ညနေ ၆ နာရီခွဲတွင် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနား ကျင်းပမည့် နိုင်ငံတော် သမ္မတ အိမ်တော်ဥပစာမြက်ခင်းပြင် သို့ ရောက်ရှိကြပြီး ညစာစားပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဒုတိယဥက္ကဋ္ဌများနှင့် ဇနီးများ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့ ၏ ဇနီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ နှင့် ၎င်းတို့၏ ဇနီးများ၊ ငြိမ်းချမ်း ရေးကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ တပ်မတော်အရာရှိကြီးများနှင့် ¤င်းတို့၏ ဇနီးများ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သံအမတ်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များနှင့် ၎င်း တို့၏ဇနီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ညစာ စားပွဲတွင် မီးရှူးမီးပန်းများဖြင့် ပစ်ဖောက် ဂုဏ်ပြုကြပြီး ညစာမသုံး ဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း တေးသံရှင်များက မြန်မာ့အသံ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်တွဲဖက်၍ တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment