ရန်ကုန် ဇန်နဝါရီ ၃
မြန်မာနိုင်ငံအတွင်းရှိ ထူးချွန်အောင် မြင်သောသင်ကြားရေး ဆရာ၊ ဆရာမများစွာ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သင်ကြားမှုအရည်အသွေးမြှင့်တင်ပေးမည့် "Teacher Training Program" များကို WISDOM Education Centre
(WEC) မှ Certificate Courses နှင့်ဒီပလိုမာ Courses များ စီစဉ်ဖွင့်
လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
(WEC) မှ Certificate Courses နှင့်ဒီပလိုမာ Courses များ စီစဉ်ဖွင့်
လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းအား သင်ကြားရေး ဆရာ၊ ဆရာမများအဖြစ်အလုပ်လုပ်ကိုင်နေကြသူများနှင့် သင်ကြားရေး ထူးချွန်သော ဆရာ၊ ဆရာမများအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုကြသည့် ဘွဲ့တစ်ခုခုရရှိပြီးသူများ၊ တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ကြကြောင်း သိရသည်။
မြန်မာ့ပညာရေးလောကအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည့် ခေတ်မီသင်ကြားရေးနည်းစနစ်များ၊ သင်ထောက်ကူများ၊ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းစာတမ်းများဖြင့် စာတွေ့လက်တွေ့စနစ်တကျသင်ကြားပေးမည့် ဆရာ၊ ဆရာမအရည်အသွေးမြှင့် သင်တန်းများကို ပညာရေးဆိုင်ရာ ပါမောက္ခများ၊ ဝါရင့် သဘာရင့် ဆရာ၊ ဆရာမကြီးများ၊ကလေးသူငယ်သင်ကြားရေးနှင့် စိတ်ပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဖြင့် စာတွေ့၊ လက်တွေ့အထူးစီမံ သင်
ကြားပို့ချပေးမည်ဖြစ်ပြီး သင်ကြားရေးဆိုင်ရာ Certificate အားပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
ကြားပို့ချပေးမည်ဖြစ်ပြီး သင်ကြားရေးဆိုင်ရာ Certificate အားပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
WISDOM Education Centre(WEC) တည်ထောင်ထားသော ဆရာဦးရန်ဝင်းနောင်က ''သင်တန်းများကို Elementary၊ Intermediate & Advanced Level များအဖြစ် သင်ကြားပို့ ချပေးသွားမှာဖြစ်ပါတယ်။ Level တစ်ခုကို စုစုပေါင်းပို့ချချိန် ၃၂ နာရီ ကြာ မြင့်မှာဖြစ်ပြီး တစ်ပတ်လျှင် စနေ၊ တနင်္ဂနွေ နှစ်ရက်၊ ရက်သတ္တ လေး ပတ် တက်ရောက်ရမှာဖြစ်ပါတယ်။
Level တစ်ခု ပြီးမြောက်တိုင်းသင်တန်းဆင်း အောင်လက်မှတ်များကို ချီးမြှင့်မှာဖြစ်ပြီး Level သုံးခု ပြီးမြောက်ပါက Diploma in Education Course ကို ဆက်လက်တက်ရောက်နိုင်ကြရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့  ထူးချွန်အောင်မြင်သော သင်ကြားရေး ဆရာ၊
ဆရာမများစွာ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ဒီလိုသင်တန်းများကို စဉ်ဆက်မပြတ် ပို့ချပေးသွားမှာပါ'' ဟု ရှင်းပြသည်။
ဆရာမများစွာ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ဒီလိုသင်တန်းများကို စဉ်ဆက်မပြတ် ပို့ချပေးသွားမှာပါ'' ဟု ရှင်းပြသည်။
Level တစ်ခုစီ၌ Education Philosophy၊ Education Psychology၊ Teaching Methodology၊ Cyber Teaching Model၊ Pedagogic Pratice၊ Assessment of Teaching၊ Learning Theory and Learning Styles နှင့်
Overview of Child Development စသည့် သင်ကြားရေးဆိုင်ရာဘာသာ
ရပ်များအပြင် ဘာသာစကား ကျွမ်း ကျင်မှုအတွက် English Language Classes ကိုပါ ထည့်သွင်းသင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ထို့အပြင် UK၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့်အိန္ဒိယနိုင်ငံ အစရှိသည့် International
University College များ၏ အသိအမှတ်ပြု ပညာရေးဝန်ဆောင်မှု စင်တာဖြစ်သော WISDOM Education Centre(WEC) ၏ Teacher Training
Program ကို တက်ရောက်အောင်မြင် ပြီး Certificate ရရှိသူများအနေဖြင့်
ပြည်တွင်း၊ ပြည်ပရှိပညာရေးနယ်ပယ်၌ ဆရာ၊ ဆရာမအဖြစ် အလုပ်အကိုင်
များရရှိစေရန် စီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်းသိရသည်။

စိုးဝင်း
No comments:
Post a Comment