
ထင်သာမြင်သာပြုပြင်စရာ
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် တောပြာကြီးကျေးရွာအုပ်စု ရွှေညောင် ပင်ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းမှ အလကခွဲအဆင့်သို့ တိုးမြှင့် လိုက်သော်လည်း ကျောင်းသားဦးရေ များပြားပြီး ကျောင်းဆောင်နှင့် စာသင် ခန်းများ မလုံလောက်သောကြောင့် လိုအပ်လျက်ရှိကြောင်း သိရသည်။ကျောင်းစာသင်ဆောင် လိုအပ်ချက်ကို ၂ဝ၁၂ ခုနှစ်ကစပြီး ကျောင်းဆောင်သစ် ရရှိရေးအမှုတွဲများကိုပြုစုပြီး ပညာရေး ဌာနကို နှစ်စဉ်တင်ကာ ကျောင်းဆောင် သစ်ရရှိရေးကို ဆောင်ရွက်ခဲ့ကြောင်း အဆိုပါကျောင်းမှ ဆရာမ ဒေါ်နော်ဆိုး လယ်က ပြောသည်။
''ယခုလက်ရှိမှာ ကျောင်းသား မိဘများရဲ့အကူအညီနဲ့ ကျောင်းသား ကျောင်းသူများ စာသင်နိုင်ဖို့အတွက် မိုးကာ၊ တာလဘတ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်းများဖြင့်ယာယီစာသင်ဆောင် အခန်းနှစ်ခန်း ဆောက်ပေးထားပြီး စာသင်ဆောင် တစ်ဆောင်အတွင်းမှာ တန်းခွဲသုံးခုခွဲပြီးစာသင်နေပါတယ်''ဟု ၄င်းက ဆက်ပြောသည်။
ထိုကြောင့် စာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ စာသင် ကြားရာတွင် နွေ၊ မိုး၊ ဆောင်း အဆင် ပြေစေရေး၊ ကျောင်းသားနှင့် ကျောင်း ဆောင် အချိုးကျရရှိစေရေးအတွက် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် ကျောင်းသားမိဘများ၊ ကျေးရွာနေ ပြည်သူများက မျှော်လင့်လျက်ရှိ ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)
No comments:
Post a Comment