Wednesday, August 3, 2016

ခေတ်မစားတော့သော အာဏာသိမ်းမှုများ

 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ပြီးခဲ့သည့်တစ်ပတ်ကျော်က တူရကီနိုင်ငံတွင် မအောင်မြင်သော အာဏာသိမ်းမှုတစ်ခုဖြစ်ပွားခဲ့သည်။ ဤသည်မှာ ၂ဝ၁၆ ခုနှစ်အတွင်းက္ဘာတစ်လွှားပထမဦးဆုံးအကြိမ် အာဏာသိမ်းမှုဖြစ်သည်။ ¤င်း အာဏာသိမ်းမှုတွင် အဆင့်မြင့်အရာရှိမည်မျှပါဝင်သလဲ၊ ¤င်းတို့က ခေတ်ဟောင်းပုံစံဘာသာရေးသို့ သွားလိုသလော၊ ¤င်းတို့သည် ပြည်ပ ရောက် ဘာသာရေးဆရာ၏ နောက်လိုက်များလော စသည်...စသည် တို့ကို ရှင်းလင်းစွာမသိရသေးပေ။

သို့သော်သေချာသည့်အချက်နှစ်ချက်မှာ တူရကီပြည်သူများက လမ်းမပေါ်ထွက်၍ အာဏာသိမ်းမှုကို ရဲရဲရင့်ရင့်ဆန့်ကျင်ပြခဲ့ခြင်းဖြစ် သည်။ ထို့အတွက်ပြည်သူ ၁ဝဝ ကျော်သေဆုံးခဲ့သည်။ အတိုက်အခံ ပါတီများကလည်း သမ္မတမစ္စတာအာဒိုဂန်အပေါ် မကျေနပ်မှုများရှိ သည့်တိုင် အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြသည်။ ၁၉၆ဝ ခုနှစ်နောက်ပိုင်း အာဏာသိမ်းဗိုလ်ချုပ်များ (၅) ကြိမ်မြောက် အာဏာရလာသည်ထက် အာဏာရှင်ဆန်နေသော ဘာသာရေးအယူစွဲသန်သူ လက်ရှိသမ္မတ ဘက်က ရပ်တည်ခဲ့ကြခြင်း ဖြစ်ပေသည်။

ဒုတိယအချက်မှာ ပုန်ကန်မှုနောက်ပိုင်းဖြစ်ပွားလာသည့် အာဒိုဂန်၏ပြင်းထန်လှသောဖိနှိပ်မှုများက ပြည်သူများအသက်ပေး၍ရလာသည့် ဒီမိုကရေစီကိုဖျက်ဆီးနေခြင်းဖြစ်သည်။ အာဒိုဂန်က အရေးပေါ်ကာလသုံးလကြေညာခဲ့ပြီးနောက် အဖမ်းဆီးခံရသောစစ်သား ၆ဝဝဝ ကျော်ရှိ လာသည်။ ထို့ပြင် ရဲများ၊ ဥပဒေတရားသူကြီးများ အလုပ်ဖြုတ်ခံရ သည့်အပြင် ပညာရပ်နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ကျောင်းဆရာများအပါအဝင် အရပ်ဘက်ဝန်ထမ်းများပါ အရေးယူခံနေရသည်။ တူရကီ၏လက်ရှိ နှိပ်ကွပ်မှုမှာ လွန်စွာနက်ရှိုင်း၍ လွန်စွာကျယ်ပြန့်လှရာ လူပေါင်း ၆ဝဝဝဝ ခန့်အထိ သက်ရောက်လျက်ရှိသည်ဟု ဆိုသည်။

ဤသည်တို့မှာ နိုင်ငံတစ်နိုင်ငံ၏လုံခြုံရေးဆိုသည်တို့ထက် ကျော်လွန် လျက်ရှိနေသည်။ မစ္စတာ အာဒိုဂန်က သူ၏ကိုယ်ပိုင်တပ်ဖွဲ့များဖြင့် ဗဟု ဝါဒကို ချေဖျက်လျက်ရှိနေခြင်းပင်ဖြစ်သည်။ သူသည်တူရကီကို ပိုမို၍ ပြဿနာရှိသော အရှုပ်အထွေးပုံဘဝသို့တွန်းပို့နေခြင်းဖြစ်လာပြီး အိမ်နီး ချင်းနိုင်ငံများ၊ ဥရောပနှင့်အနောက်က္ဘာအတွက်ပင် အ္တရာယ်ဖြစ်လာပေ တော့သည်။
တူရကီ၏ သမိုင်းကိုကြည့်လျှင် ၁ဝ နှစ်တစ်ကြိမ်လောက် အာဏာ သိမ်းမှုဖြစ်လေ့ရှိသည်ကို တွေ့ရသည်။

က္ဘာနှင့်ချီ၍အာဏာသိမ်းမှုများကို လေ့လာထားသောစာရင်းများအရ ၁၉၆ဝ ခုတစ်ဝိုက်ကအာဏာသိမ်းမှု များ ခေတ်အစားဆုံးဖြစ်ခဲ့ပြီး ၁၉၅ဝ မှ ၂ဝ၁ဝ ခုနှစ်လောက်အထိ ကာလ အတွင်း က္ဘာတွင် အာဏာသိမ်းမှုပေါင်း ၄၅၇ ခုဖြစ်ခဲ့သည်။ ထိုအထဲ တွင် ၂၂၇ ခု (၄၉ ဒသမ ၇ ရာခိုင်နှုန်း)က အောင်မြင်ခဲ့ပြီး၊ ၂၃ဝ (၅ဝ ဒသမ ၃ ရာခိုင်နှုန်း)က ရှုံးနိမ့်သော အာဏာသိမ်းမှုများ ဖြစ်ခဲ့သည်။ သို့သော် မကြာသေးခင်နှစ်များအတွင်း ထိုအချိုးမှာ ပြောင်းလာခဲ့သည်။ ကြံစည်သူများက အောင်မြင်မှုပိုများလာခဲ့ပြီး ၇ဝ ရာခိုင်နှုန်းခန့် အာဏာ သိမ်းမှုများ အောင်မြင်လာသည်ဟုဆိုသည်။
မကောင်းသော အတွေ့အကြုံများသည် ပျံ့နှံ့လွယ်သည်။ အာဏာ သိမ်းမှုလက်စွဲကျမ်းစာအုပ်များပင် ထွက်ပေါ်ခဲ့ပြီး အာဏာသိမ်းသူများ၏အခြေခံလုပ်ဆောင်မှုအဆင့်များမှာ ခေါင်းဆောင်များကို ဖမ်းဆီး ထိန်းသိမ်းခြင်း၊ ပင်မမီဒီယာများကို ထိန်းချုပ်ခြင်းနှင့် အသွားအလာ အားလုံးရပ်ဆိုင်းအောင် လုပ်ပစ်ခြင်းများပင်ဖြစ်သည်။ သို့သော် ယနေ့ ခေတ်မှာ အာဏာသိမ်းမှုများ ခေတ်မစားသောကာလဖြစ်လာသည်။

အာဏာသိမ်းမှုများ၏ အကျိုးဆက်များကလည်း တိုင်းပြည်များ၏စီးပွားရေးအပေါ် သက်ရောက်မှုကြီးလှသည်။ အာဏာရှင်စနစ်တစ်ခုမှ နောက်ထပ်အာဏာရှင်သို့ ပြောင်းသွားလျှင် စီးပွားရေးအကျိုးသက် ရောက်မှုမများပြားလှသော်လည်း ဒီမိုကရေစီမှ အာဏာရှင်သို့ပြောင်း သွားသောနိုင်ငံများတွင် စီးပွားရေးဆုတ်ယုတ်ပျက်စီးမှု ကြီးစွာဖြစ်သည်ကို တွေ့ကြရသည်။ လေ့လာချက်များအရ ဒီမိုကရေစီမှ အာဏာသိမ်း ခံရမှုများတွင် ဆယ်စုနှစ်များနှင့်ချီ၍ စီးပွားရေးကျဆင်းသွားပြီး နောက်ဆုံးတွင် မူလဒီမိုကရေစီခေတ်ထက် တစ်ဦးချင်းဝင်ငွေ ၁ဝ ဆမျှ အထိ လျော့နည်းသွားတတ်သည်ဟု ဆိုသည်။

မြန်မာပြည်တွင်လည်း ထိုအတွေ့အကြုံများရှိခဲ့၍ ထိုလေ့လာချက် များမှန်မမှန်ကို အငြင်းပွားရန်မလိုတော့ပေ။ ဒီမိုကရေစီမှ အာဏာရှင် သို့ပြောင်းသွားလျှင် ဆုတ်ယုတ်ပျက်စီးမှု မြန်ဆန်လှသော်လည်း အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် ဘက်ပေါင်းစုံမှ ကျားကုတ်ကျားခဲလုပ်ဆောင်ရလေ့ရှိပြီး အကျိုးရလဒ်များ ကောင်းမွန် ခိုင်မာသော်လည်း ဖြည်းဖြည်းမှန်မှန်သာရလေ့ရှိကြောင်း တွေ့ရှိရပေ သည်။ ။





No comments:

Post a Comment