(ဒေါက်တာခင်စန်းမော်)
လူတို့ မွေးမြူကြသော မွေးမြူရေး တိရစ္ဆာန် များထဲတွင် အသား၊ နို့၊ သားရေနှင့် အမွေးတို့ သာမက စွန့်ပစ်လိုက်သော အညစ်အကြေး ကိုပင် လူတို့အတွက် အကျိုးရှိအောင် သုံးစွဲ နိုင်သော တိရစ္ဆာန်ကို ပြပါဟု ဆိုလျှင် 'ဆိတ်သတ္တဝါ' ကို ပြရပေလိမ့်မည်။
ဆိတ်များကို 'သူဆင်းရဲ၏ နို့စားနွားမ' (Poorman's cow) ဟု တင်စားခေါ်ဝေါ်ကြ သည် လူသားတို့ အသုံးပြုရန် မွေးမြူကြသော တိရစ္ဆာန်များအနက် ဆိတ်သည် ပထမဆုံး မွေးမြူရေး တိရစ္ဆာန် ဖြစ်သည်ဟု ယူဆကြပါ သည်။ မူလ အစက လူသားတို့နှင့် လက်ပွန်း တတီးရှိသော အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူ
ခဲ့ကြပုံ ရှိသော်လည်း သူတို့သည် အရိုင်းစိတ်သို့ အလွယ်တကူ ကူးပြောင်းတတ်သောကြောင့် မွေးမြူရေး တိရစ္ဆာန်အဖြစ်သာ သတ်မှတ်ခဲ့ကြသည်။
ခဲ့ကြပုံ ရှိသော်လည်း သူတို့သည် အရိုင်းစိတ်သို့ အလွယ်တကူ ကူးပြောင်းတတ်သောကြောင့် မွေးမြူရေး တိရစ္ဆာန်အဖြစ်သာ သတ်မှတ်ခဲ့ကြသည်။
ကမ္ဘာပေါ်တွင် အရှေ့တောင်အာရှ၊ အရှေ့ဥရောပနှင့် အမေရိကတို့၌ ဌာနေရှိ တောရိုင်းဆိတ်များကို ဖမ်းဆီးပြီး မွေးမြူခဲ့ကြခြင်းဖြစ်ကာ သြစတြေးလျတိုက်မှာ မွေးမြူကြသော ဆိတ်မျိုးနွယ်ဝင်များကား အခြားဒေသမှ ဆိတ်များကို သယ်ဆောင်ယူလာပြီး မွေးမြူထားကြခြင်း ဖြစ်သည်။
ဆိတ်မျိုးနွယ် (Caprine) တွင် ထင်ရှားသော ဆိတ်အမျိုးအစား ၃ဝဝ ကျော်ရှိပြီး ၂ဝ၁၁ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး၏ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် ဆိတ်ကောင်ရေ ၉၂၄ သန်းရှိသည်ဟု သိရှိရသည်။
ဆိတ်များသည် ရှေးအကျဆုံး မွေးမြူရေး တိရစ္ဆာန်ဖြစ်ပြီး ဆိတ်၏နို့ကိုဖြစ်စေ၊ အသားကိုဖြစ်စေ၊ အမွေးနှင့် အရေပြားကို ဖြစ်စေ၊ လူသားတို့အတွက်အသုံးပြုခဲ့ကြပါသည်။ ဆိတ်ရိုင်းကို ယဉ်ပါးအောင် မွေးသည်။ဆိတ်နို့၊ ဆိတ်သားကိုစားသုံးသည်။ ဆိတ်ချေးကို လောင်စာအဖြစ် အသုံးပြုပြီး အရိုး၊ အမွေး၊ အရေပြားနှင့် အရွတ်တို့ကို အဝတ်အစားအဖြစ်သော်လည်းကောင်း၊ နေထိုင်ရန် အဆောက်အအုံ ဆောက်လုပ်ရာတွင် သော်လည်းကောင်း၊ ကိရိယာ တန်ဆာပလာ ပြုလုပ်
ရာတွင်သော်လည်းကောင်း အသုံးပြုခဲ့ကြသည်။ ခရီးသွားသည့်အခါ ရေဘူးနှင့် ဝိုင်အရက်ဘူးများကို သယ်ဆောင်ရန် ဆိတ်သားရေကို အသုံးပြုကြသည်။ ထိုခေတ်က အသုံးပြုခဲ့သော ဆိတ်သားရေစာလိပ်များ၊ မြေပုံများ အားရှေးဟောင်းပစ္စည်းအဖြစ်တွေ့နိုင်သည်။

အီရန်နိုင်ငံ၌ ကျောက်ဖြစ်ရုပ်ကြွင်းများကို သုတေသန လုပ်သောအခါ လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝဝ ခန့်ကတည်းက ဆိတ်မွေးမြူရေး ရှိခဲ့ကြောင်း အထောက်အထားများ တွေ့ရှိခဲ့၏။ အာရှအနောက်ပိုင်း ဒေသများတွင် လွန်ခဲ့သော နှစ်ပေါင်း ၈ဝဝဝ-၉ဝဝဝ ခန့်မှ မွေးမြူခဲ့ကြသည်ဟု သုတေသန မှတ်တမ်း များက ဆိုပါသည်။
သြစတြေးလျတိုက်သို့ ပထမဆုံးအကြိမ် အဖြစ် ဆိတ်များရောက်ရှိလာခဲ့စဉ်က
အကြောင်း အမျိုးမျိုးကြောင့် မိခင်၏ နို့ရည် ကို သဘာဝအတိုင်း သောက်သုံးခွင့် မရသည့် ကလေးငယ်များအား ဆိတ်နို့တိုက်၍ ပြုစု စောင့်ရှောက်ခဲ့ကြသည်။ နို့ဘူးနှင့် နို့သီးခေါင်း များ မပေါ်သေးမီအချိန်၌ ဆိတ်၏နို့တံမှ တိုက်ရိုက် စို့စေခြင်း၊ ဆိတ်နို့ထဲမှာ အဝတ်စ အပိုင်းကိုနှစ်ပြီး ထိုအဝတ်စမှ တစ်ဆင့် စို့စေခြင်းကိုလည်း ပြုခဲ့ကြသည်။

ဆိတ်ကို အခြားတိရစ္ဆာန်များနှင့် နှိုင်းယှဉ်လျှင် ကျန်းမာရေးအလွန်ကောင်းသော တိရစ္ဆာန်ဖြစ်သည်ဟု ကျော်ကြားပါသည်။ ယခု မျက်မှောက်ခေတ်၌ အခြားမွေးမြူရေး တိရစ္ဆာန်များလိုပင် ဆိတ်များမှာလည်း ကူးစက်ရောဂါများ ကျရောက်တတ်ကြောင်း သိရှိလာကြသော်လည်း စနစ်တကျပြုစုစောင့်ရှောက်မွေးမြူပါက 'ကျန်းမာရေးကောင်းသော တိရစ္ဆာန်' ဆိုသည့် ဂုဏ်သတင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။
ရေခဲသေတ္တာ မပေါ်သေးမီ သင်္ဘောဖြင့် ခရီးသွားကြသူများသည် လတ်ဆတ်သော နို့ကို သောက်သုံးရန်အတွက် ဆိတ်များကို သယ်ဆောင်သွားလေ့ ရှိကြသည်။ ဆိတ်နို့ကို လတ်လတ်ဆတ်ဆတ် သောက်သုံးရန်အပြင် သင်္ဘောပေါ်မှာ ဆိတ်များတစ်ခုခုဖြစ်ပါက အသားစားရန် ရည်ရွယ်ချက်နှင့် ခေါ်ဆောင် သွားကြသော်လည်း အံ့သြစရာကောင်းလောက်အောင် ကျန်းမာသန်စွမ်းစွာ လိုက်ပါ
နိုင်သည်ကို တွေ့ရှိရသည်။
နိုင်သည်ကို တွေ့ရှိရသည်။
ပထမကမ္ဘာစစ်အတွင်းက ဂျာမန် စစ်သင်္ဘော Emden ကို ဖမ်းဆီးရမိခဲ့ရာ နို့လိုအပ်ချက်အတွက် ဆိတ်များသယ်ဆောင်လာခဲ့ ကြောင်းတွေ့ရသည်။ ထိုဆိတ်များသည် မျက်စိအပြာရောင်ရှိသော Saanen ဆိတ်မျိုးများဖြစ်ပြီး ထိုဆိတ်များမှ ဆင်းသက်လာသော မျိုးနွယ်များကို သြစတြေးလျနိုင်ငံတွင် ၁၉၅ဝ ပြည့်နှစ်များထိ တွေ့ရှိနိုင်ပေသည်။
ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းနှင့် ရောဂါပျံ့နှံ့ပုံကို သိလာသည်နှင့်အမျှ ကာကွယ်ထိန်းချုပ်ရေးဥပဒေများ မပြဋ္ဌာန်းခင် အချိန်အထိ ကမ္ဘာပေါ်ရှိ နေရာဒေသအမျိုးမျိုး၊ ဇာတိအမျိုးမျိုးမှ ဆိတ်များကို အခြားနေရာဒေသ အသီးသီးသို့ သင်္ဘောနှင့် ယူဆောင်တင်သွင်းခဲ့ကြသည်။ အထူးသဖြင့် ဒေသခံဆိတ်မျိုးနွယ်များ မရှိသည့် သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့သို့ အများဆုံး သယ်ဆောင်လာခြင်းဖြစ်နိုင်သည်။
နို့စားဆိတ် အများစုတို့သည် ဥရောပရှိ တောင်တန်းများမှ ရရှိလာသော တောင်ဆိတ် များဖြစ်ကြပြီး ယင်းမျိုးနွယ်တို့သည် Saanen၊Toggenburg နှင့် French Alpine မျိုးများ အဖြစ် ထင်ရှားကျော်ကြားသည်။ Cashmere နှင့် Angora ဆိတ်များ၏ ကွာခြားမှုကို ၁၉ဝ၃ ခုနှစ် နောက်ပိုင်းကျမှ သိရှိလာကြသည်။ အရှေ့တိုင်းဒေသရှိ ဆိတ်မျိုးနွယ်များနှင့် သွေးနှောရာမှ ရရှိလာသော Nubian ဆိတ်မျိုး တို့သည် နို့ပေးသော ကာလရှည်ကြာမှုနှင့် နို့ထွက်နှုန်း မြင့်မားမှုတို့ကြောင့် ကမ္ဘာပေါ်တွင် အကောင်းဆုံး နို့စားဆိတ်အဖြစ် သတ်မှတ်ခြင်းခံရသည်။
အမွေးအတွက် ဆိတ်များ
အသားစားရန် ရည်ရွယ်ချက်နှင့် သင်္ဘော ပေါ်တွင် သယ်ဆောင်လာသော ဆိတ်များ အနက် အမွေးထုတ်လုပ်နိုင်သော ဆိတ်များ သည်လည်း ကမ္ဘာအနှံ့သို့ ရောက်ရှိသွားခဲ့ကြသည်။ ထိုအထဲတွင် Angora နှင့် Cashmere
ဆိတ်များ ပါဝင်သည်။ ယင်းတို့သည် ရှည်လျားပြီး နောက်သို့ကွေးကာ လိမ်နေသည့် ဆိတ်ချိုများနှင့် ပိုးသားကဲ့သို့ အလွန် နူးညံ့သော ဆိတ်မွေးများကို ပိုင်ဆိုင်သည်။ သမ္မာကျမ်းစာ မပေါ်ထွန်းသေးခင်ခေတ်ကပင် ဆိတ်မွေးများကို ခန်းဆီးလိုက်ကာနှင့် တဲများ၊ ဘုရားကျောင်းရှိ ပရိဘောဂများ ပြုလုပ်ရာတွင် အသုံး
ပြုခဲ့ကြသည်။ ဆိတ်သားရေနှင့် အဝတ်အစား ချုပ်လုပ်ခြင်း၊ အရည်များထည့်၍ သယ်ဆောင်ခြင်းတို့ကိုလည်း တွင်ကျယ်စွာ အသုံးပြုခဲ့သည်။
ပြုခဲ့ကြသည်။ ဆိတ်သားရေနှင့် အဝတ်အစား ချုပ်လုပ်ခြင်း၊ အရည်များထည့်၍ သယ်ဆောင်ခြင်းတို့ကိုလည်း တွင်ကျယ်စွာ အသုံးပြုခဲ့သည်။
Cashmere နှင့် Angora မူလမျိုးရိုးများ
အန်ဂိုရာဒေသသည် ကြမ်းတမ်း မတ်စောက်သော တောင်တန်း ထူထပ်သည့် ဒေသဖြစ်ပြီး ဆောင်းတွင်းဘက်တွင် အလွန့်အလွန် အေးသည်။ နွေဘက်တွင် ၉၅ ဒီဂရီဖာရင်ဟိုက် အထက်ရှိပြီး မိုးရေချိန် ပျမ်းမျှ ၈ လက်မသာ ရှိသည်။ ၁၈၇ဝ ပြည့်နှစ်များတွင် တူရကီ နိုင်ငံမှာ ရိုက်ထားသော ဓာတ်ပုံများ၌ ဆိတ်များသည် အရွယ်အစား သေးငယ်ပြီး မျက်နှာ ပေါ်မှာ အမွေးများမရှိ။ ခန္ဓာကိုယ်ပေါ်တွင် အမွေးများစွာ ဖုံးလွှမ်းနေသည်။ ထိုအချိန်က တူရကီသို့ ခရီးလှည့်လည် သွားဖူးသော ခရီးသည်များက ထိုဒေသရှိ ခွေး၊ ကြောင်၊ သိုး၊ ဆိတ် တို့သည် ပိုးသားကဲ့သို့ နူးညံ့ပျော့ပျောင်း သော အမွေးများရှိကြောင်း မှတ်တမ်းတင်ခဲ့ ကြပါသည်။ အခြားနေရာဒေသသို့ ရောက်သောအခါ ရာသီဥတုနှင့် နေရာဒေသပေါ် မူ
တည်ပြီး သူတို့၏အမွေးများ ပါးသွားကြသည်။
တည်ပြီး သူတို့၏အမွေးများ ပါးသွားကြသည်။
၁၉ ရာစု အလယ်ပိုင်းတွင် အမေရိကန် နိုင်ငံမှ ဒေါက်တာဒေးဗစ်ကို တူရကီနိုင်ငံသို့ စေလွှတ်ပြီး ဝါစိုက်ပျိုးရေးမှာ အကူအညီ ပေးစေသောအခါ စူလတန် ဘုရင်မင်းမြတ်က ဒေးဗစ်ကို ချီးမြှောက်သည့် အနေနှင့် မျိုးစစ် မျိုးမှန် တိဗက်ဆိတ်တစ်ကောင်ကို ဆုအဖြစ် ပေးသနားခဲ့သည်။ ယင်းသည် ကက်ရှ်မီးယား (Cashmere) ဆိတ် ဖြစ်သည်။ ဒေးဗစ်သည် ဘုရင်မင်းမြတ်က ဆုအဖြစ် ချီးမြှင့်ခဲ့သော ကက်ရှ်မီးယား ဆိတ်ထီးတစ်ကောင်နှင့် အန်ဂိုရာ (Angora) ဆိတ်တစ်အုပ်ကို အမေရိကသို့ ယူဆောင်လာခဲ့သည်။ ထိုဆိတ်များ၏ အမွေးကို ရှောစောင်အဖြစ် ရက်ခဲ့ရာ Paisley Shawl များအဖြစ် နာမည်ကျော်ကြားခဲ့ပါသည်။ ထိုရှောစောင်များသည် အလွန် နူးညံ့သောကြောင့် လက်စွပ်ကွင်းအတွင်းသွင်းပြီး တစ်ဖက်မှဆွဲလျှင် အသာအယာ ဆွဲထုတ်ယူနိုင်သည်ဟုပင် ဆိုကြပါသည်။
ဆိတ်မများကို 'Does' 'Nannies' ဟု ခေါ်ကြပြီး ဆိတ်သိုးများကို 'Bucks' 'Rams' ဟု ခေါ်ကြသည်။ ဆိတ်ကလေးများကို kids ဟုခေါ်ပြီး သင်းကွပ်ထားသော ဆိတ်ထီးများကို 'Wethers' ဟု ခေါ်ကြပါသည်။
ဆိတ်များသည် နွား၊ ကုလားအုတ်၊ မြင်းများနှင့် နှိုင်းယှဉ်လျှင် အရွယ်အစား သေးငယ်သော မွေးမြူရေး တိရစ္ဆာန်များ ဖြစ်သည်။ ဆိတ်အမျိုးအစား တစ်ခုချင်းစီကို လိုက်၍ ကိုယ်အလေးချိန် သတ်မှတ်ချက် သီးသန့်စီ ရှိပါသည်။ ဥပမာ၊ ခန္ဓာကိုယ် အရွယ်အစား ကြီးမားသော Boer ဆိတ်များ၏ ကိုယ်အလေးချိန်သည် ၁၄ဝ ကီလို (၃ဝဝ ပေါင်) အထက်ရှိပြီး အရွယ်အစားသေးငယ်သော ဆိတ်မျိုးတို့တွင် ကိုယ်အလေးချိန်က ၂ဝ-၂၇ ကီလို (၄၅-၆ဝ ပေါင်) သာရှိသည်။ African Pygmy ဟုခေါ်သော ဆိတ်ပုမျိုးတို့တွင် ပခုံးထိ အမြင့်မှာ ၄၁-၅၈ စင်တီ (၁၆-၂၃ လက်မ) သာ ရှိကြသည်။
ဆိတ်များသည် စားမြုံ့ပြန် သတ္တဝါဖြစ်ပြီး အစာအိမ်လေးခုပါသည်။ နို့အုံမှာ နို့တံနှစ်ခုသာပါသည်။ (ခြွင်းချက် နို့တံ ရှစ်ခု အထိပါသော Boer ဆိတ်မျိုးလည်း ရှိပါသည်) သူတို့သည် မုတ်ဆိတ်မွေးပါသော တိရစ္ဆာန်ဖြစ်သည်။ မျိုးရိုးဗီဇနှင့် အာဟာရ ပြည့်ဝမှု အခြေအနေပေါ်မူတည်ပြီး အသက် ၃-၁၅ လအတွင်း
အရွယ်ရောက်တတ်ကြသည်။ မွေးမြူရေးသမားအများစုတို့သည် အရွယ်ရောက် ဆိတ်မ၏ ကိုယ်အလေးချိန် ၇ဝ ရာခိုင်နှုန်း မရောက်မချင်း သားမစပ်ဘဲ စောင့်ဆိုင်းလေ့ရှိကြသည်။ အပူပိုင်းဒေသမှာမွေးသော ဆိတ်များသည် တစ်နှစ်တာ၏ မည်သည့်အချိန်မဆို မြိုင်ပေါ်နိုင်ပြီး သားစပ်နိုင်သည်။

ကိုယ်ဝန်ဆောင်သော ကာလမှာ ရက် ၁၅ဝ ခန့် ကြာမြင့်တတ်သည်။ အနည်းဆုံး နှစ်ကောင်မွေးလေ့ရှိပြီး တစ်ကောင် သို့မဟုတ် သုံးကောင်လည်း ပေါက်တတ်သည်။ ဆိတ် အမျိုးအစား၊ အသက်နှင့် အစာပုံစံတို့ပေါ် လိုက်ပြီး နို့ထွက်နှုန်း ကွာခြားလေ့ ရှိပါသည်။
ဆိတ်များသည် မည်သည့်အရာကိုမဆို စားလိုသည့် စိတ်ရှိသည်။ ထို့ကြောင့်ပင် 'ဆိတ်ပါးစပ်လိုပဲ' ဟု တင်စားပြောကြခြင်း ဖြစ်သည်။ သူတို့သည် အလူမီနီယမ်ဘူးများ၊ စက္ကူကတ်ထူပုံးများကိုပါ စားလိုတတ်သည်။ နွားများ၊ သိုးများနှင့် မတူဘဲ အရာရာတိုင်းကို အရသာခံပြီး ကိုက်ဝါးစားသောက်တတ်သည်။ စားကြွင်းစား
ကျန်များနှင့် ပုပ်သိုးနေသော အစားအစာများသည် သူတို့၏ စူးစမ်းလိုစိတ်ကို နှိုးဆွနိုင်ပေသည်။
ကျန်များနှင့် ပုပ်သိုးနေသော အစားအစာများသည် သူတို့၏ စူးစမ်းလိုစိတ်ကို နှိုးဆွနိုင်ပေသည်။
သူတို့သည် သစ်ပင်၊ သစ်ခေါက်၊ ချုံပုတ်၊ အရွက်၊ အစေ့မှန်သမျှ စားလေ့ရှိသည်။ ကောက်ရိုးခြောက်၊ မြက်ခြောက်နှင့် ဆူးပင် တို့ကိုလည်း စားနိုင်သည်။ သို့သော် မြက်ချဉ်ဖတ်ထဲမှာ ပါသော Listeria ဘက်တီးရီးယားကို ဆိတ်က ခံနိုင်ရည်မရှိပေ။ ထို့ပြင် အစာထဲမှာပါသော မှိုများသည်လည်း ဆိတ်ကို နာမကျန်းဖြစ်စေတတ်သည်။
အရွယ်ရောက်ဆိတ်များ၏ အရွယ်အစားသည် မျိုးရိုးဗီဇနှင့် အာဟာရဓာတ် ပြည့်မီအောင် ကျွေးမွေးမှုအပေါ် များစွာမူတည်နေပါသည်။ အရွယ်မရောက်ခင် အချိန်မှာ ပရိုတင်း ၁ဝ-၁၄ ရာခိုင်နှုန်း ပိုမိုပါဝင်သော အစာကို ကျွေးထားပါက ကြီးထွားနှုန်း ပိုမို မြင့်မားကြောင်း တွေ့ရသည်။ အရိုးအဆစ်နှင့် ခန္ဓာကိုယ် အရွယ်အစား ကြီးမားသော ဆိတ်များသည် အရွယ်ရောက်ချိန် နောက်ကျတတ်
သည်။ အသက် ၃၆-၄၂ လ ရောက်မှ အရွယ်ရောက်ကြသည်။
သည်။ အသက် ၃၆-၄၂ လ ရောက်မှ အရွယ်ရောက်ကြသည်။
ဆိတ်များသည် အလွန်စပ်စုတတ်၊ စူးစမ်း တတ်သကဲ့သို့ ဥာဏ်ရည်ထက်မြက်သည့် သဘာဝလည်းရှိသည်။ ပတ်ဝန်းကျင်မှာ တစ်စုံတစ်ရာထူးခြားလျှင် ချက်ချင်း နိုးကြား လာတတ်သည်။ သူတို့၏ အပေါ်နှုတ်ခမ်းနှင့် လျှာကို အသုံးပြုပြီး အသစ်အဆန်း တစ်ခုခုကို ကိုက်ဝါးကြည့်တတ်ကြသည်။ လွတ်လပ်စွာ လွှတ်ကျောင်းခံရပါက အစုအဖွဲ့နှင့် မနေဘဲ တကွဲတပြားစီ လျှောက်သွားတတ်လေ့ ရှိသည်။
ဆိတ်သည် အလွန်ကျန်းမာရေး ကောင်းသော၊ အကြမ်းခံနိုင်သော တိရစ္ဆာန် ဖြစ်သောကြောင့် ဆေးကုသမှုပေးရန်များစွာ မလိုအပ်ပေ။ ဆိတ်များတွင် ကျရောက်တတ်သော ရောဂါများမှာ အဆုတ်ရောင်ခြင်း၊ ခွာပုပ်နာ၊ သန်ကောင်ရောဂါများ၊ ကိုယ်ဝန်အဆိပ်တက်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ ဗိုင်းရပ်စ်ရောဂါ
များနှင့် ဘက်တီးရီးယားရောဂါများ ဖြစ်ကြသည့် ခွာနာလျှာနာရောဂါ၊ အဆစ်ရောင်ခြင်း၊ ဦးနှောက်ရောင်ရောဂါ၊ နို့အုံရောင်ခြင်းတို့ ဖြစ်ပါသည်။ ဆိတ်ထံမှ လူကို ကူးစက်တတ်သော Zoonosis ရောဂါများမှာ တီဘီရောဂါ Tuberculosis)၊ သားပျက်သားလျှောရောဂါ (Brucellosis)၊ Q Fever နှင့် ခွေးရူးရောဂါ (Rabies) တို့ ဖြစ်ကြပါသည်။

ဆိတ်များသည် လူကို အကျိုးပြုသော တိရစ္ဆာန်များ ဖြစ်ကြ၏။ မွေးမြူရာတွင် လွယ်ကူပြီး စရိတ်စက အကုန်အကျ သက်သာ သောကြောင့် ဆင်းရဲနွမ်းပါးသော မိသားစု များကို ဆိတ်မွေးမြူစေခြင်းဖြင့် ဝင်ငွေ ချောင်လည်စေရန် အကူအညီ အထောက်အပံ့ ပေးကြပါသည်။
ဆိတ်သည် ရေစိုခြင်းကို ကြောက်ပြီး ခြေအေးမခံနိုင်သော သတ္တဝါဖြစ်၍ မိုးရွာလျှင် ခြံသို့ ပြန်ပြေးလေ့ရှိသည်။ ရေမဝပ်သော တောင်ကုန်း တောင်စောင်းများရှိသည့် ဒေသများတွင် မည်မျှ မတ်စောက်သည့် တောင်ကုန်းဖြစ်စေ ခြေမြဲသည့်ခွာများ ရှိသောကြောင့် တက်နိုင်၊ ဆင်းနိုင်သည်။
ထို့ကြောင့် ပူပြင်း ခြောက်သွေ့ပြီး မိုးရေချိန် လက်မနည်းသော အပူပိုင်း မိုးနည်းရေရှား ရပ်ဝန်းဒေသများတွင် ဆိတ်မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ မြန်မာနိုင်ငံတွင် အများဆုံး မွေးမြူကြသော ဆိတ် အမျိုးအစား သုံးခု ရှိပါသည်။
(၁) ထိန်ဆန်းမျိုး
ဤအမျိုးအစားကို မန္တလေးတိုင်းဒေသကြီး၊ ပုပ္ပားနယ်တစ်ဝိုက်၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ နတ်မောက်မြို့နယ်တို့တွင် မွေးမြူကြသည်။ ဤဆိတ်များသည် အလုံးအရပ် ထွားကျိုင်းသည်။ ကိုယ်လုံးဖြူ၍ ဦးခေါင်းမဲသည်။ နှာ
ခေါင်းပိုင်းတွင် အမွေးဖြူတတ်သည်၊ မုတ်ဆိတ်ဖားပြီး နားရွက်ရှည်၍ တွဲလောင်း ကျနေသည်။ ပျမ်းမျှ ကိုယ်အလေးချိန် အထီး ၅ဝ ကီလို (၃၇ ပိဿာ) အမ ၂၉ ကီလို (၂ဝ ပိဿာ)
(၂) ဂျိတ်နီမျိုး
မန္တလေးတိုင်းဒေသကြီး၊ တံတားဦး၊ စဥ့်ကိုင်၊ ကျောက်ဆည်နယ်တို့တွင် မွေးမြူကြသည်။ ခန္ဓာကိုယ် အရွယ်အစား ကြီးမားသည့် နီညိုရောင်၊ အုန်းခွံရောင်၊ မန်ကျည်းစေ့ရောင် ရှိကြသည်။ ကိုယ်အလေးချိန် အထီး ၅ဝ ကီလို (၃၇ ပိဿာ) အမ ၄၂ ကီလို (၂၉ ပိဿာ)
(၃) ဝေသာလီမျိုး မြန်မာနိုင်ငံတွင် မကွေးတိုင်းဒေသကြီး၊
ပခုက္ကူ၊ ရေစကြို၊ ပေါက်နှင့် မြိုင်မြို့နယ် တစ်ဝိုက်တွင် မွေးမြူသည်။ အလုံးအထည်သွယ်ပြီး အမွေးရောင်မှာ အညိုရောင်နှင့် အမည်းရောင် ရောယှက်နေသည်။ ကိုယ်အလေးချိန် အထီး ၃၈ ကီလို (၂၄ ပိဿာ)အမ ၃၁ ကီလို (၁၉ ပိဿာ)
မွေးမြူကြသော ပုံစံမှာ လွှတ်ကျောင်းသော စနစ်ဖြစ်ပြီး ဆိတ်ကျောင်းသား တစ်ဦးလျှင် ဆိတ် ၃၅-၄ဝ ကောင် ထိန်းကျောင်းနိုင်ပါ သည်။ မျိုးအတွက်ထားသော ဆိတ်သိုးအထီးကို ဒေသအခေါ်အဝေါ်အနေနှင့် 'ဆိတ်လိုက်ဖား' ဟုခေါ်ကြသည်။ ဆိတ်တစ်အုပ်မှာ ဆိတ်လိုက်ဖား အကြီးတစ်ကောင်နှင့် ဆိတ်လိုက်ဖား
အငယ်တစ်ကောင်ထားကြသည်။ ဆိတ်ထီး များကို အသက် ခုနစ်နဲ့ ရှစ်လသား အရွယ်တွင် သင်းကွပ်လေ့ရှိကြပြီး ယင်းကို အရပ်အခေါ်အရ ကစီထုသည်ဟု ဆိုပါသည်။ သင်းကွပ်ထားသော ဆိတ်ထီးကို 'ကစီထုထားသော ဆိတ'်ဟု ခေါ်ဝေါ် သုံးစွဲကြသည်။ ဆိတ်မတမ်းကို ခုနစ်နှစ်နဲ့ ရှစ်လအရွယ်တွင် သားစပ်နိုင်ပြီး တစ်နှစ်လျှင် နှစ်သားပေါက်နိုင်သည်။ ဆိတ်တို့သည် အရွက်စား သတ္တဝါ ဖြစ်ပြီး
သစ်ပင်ချုံနွယ်တို့မှာ ဆူးမည်မျှပင်ရှိစေ တိုးဝင်စားသောက်နိုင်ကြသည်။ ထိုအပင်များတွင် ဆီးပင်၊ ခံပင်၊ ဇင့်နီ၊ ဆီးဖြူရွက်၊ သန်းရွက်၊ ဘောစကိုင်း၊ မြေဇာမြက်၊ မန်ကျည်း ရွက်၊ တမာရွက်၊ ရှားရွက်၊ ကုက္ကို၊ ထနောင်းသီး၊ ဝါးရွက်၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ပဲမျိုးစုံ၊ အဝေရာ အသီး၊ အရွက်၊ မယ်ဇလီ၊ မြင်းခွာရွက်၊ အခြား အသီးအစေ့နှင့် အဆံများလည်း ပါဝင်သည်။

ဖြည့်စွက်စာ အနေနှင့် ဝါစေ့ကြိတ်ဖက်၊ ဆန်နု၊ ဖွဲနု၊ ကုလားပဲခွံ၊ ဆီးခွံ၊ ပဲမျိုးစုံ အခွံ၊ ပဲဖတ်၊ နှမ်းဖတ်၊ ပြောင်းရိုးစဉ်းဖတ်နှင့် နေကြာစေ့ဖတ်များကိုလည်း ထည့်သွင်းကျွေးမွေးကြ ပါသည်။
မြန်မာနိုင်ငံ မိုးနည်းရေရှား ရပ်ဝန်းဒေသရှိ ဆိတ်မွေးမြူရေး ခြံများရှိသော မြို့နယ်များ အနက် ရေနံချောင်းမြို့နယ်နှင့် ရေစကြိုမြို့နယ် တို့အကြောင်းကို ကောက်နှုတ် တင်ပြလိုပါသည်။
ရေနံချောင်း
ရေနံစင်ကြီးများ၊ တောင်ကတုံးများ၊ ထန်းပင်ထန်းတောများ၊ ရှားစောင်းလက်ပပ်ပင်များ၊ ဆူးနွယ်ချုံပင်များတို့သည် ရေနံချောင်း၏ ရှုခင်းများပင် ဖြစ်သည်။ ရေနံချောင်းမြို့နယ်၌ NGO အဖွဲ့အစည်းတစ်ခုဖြစ်သော Mas Fah Luang Foundation (ထိုင်းဘုရင့်သမီးတော်၏ ဖောင်ဒေးရှင်း) သည် ကျေး
ရွာများမှ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု တစ်ခုလျှင် ဆိတ်ထီး တစ်ကောင်၊ ဆိတ်မ ၁ဝ ကောင်၊ ထောက်ပံ့ပြီး မွေးမြူစေသော အစီအစဉ်ကို လွန်ခဲ့သော နှစ်အနည်းငယ်က စတင်ခဲ့ရာ ဆိတ်မွေးမြူရေးကဏ္ဍအတွက် အထောက်
အကူပြုသော အစီအစဉ်ပင် ဖြစ်ပါသည်။

ထို ၁၁ ကောင်မှ တိုးပွားလာသော ဆိတ်ငယ်များကို နှစ်ကောင်ဖြစ်စေ၊ သုံးကောင် ဖြစ်စေ ဖောင်ဒေးရှင်းသို့ ပြန်လည်အပ်နှံရပြီး ၁၁ ကောင်ပြည့်အောင် အပ်နှံပြီးသွားပါက မူလ ၁၁ ကောင်ကို မိသားစုက ပိုင်ဆိုင်ခွင့်ရရှိသော
ကြောင့် စားနပ်ရိက္ခာ ဖူလုံရေးနှင့် ဝင်ငွေချောင်လည်စေရေးအတွက် ကူညီ ထောက်ပံ့ပေးရာ ရောက်ပါသည်။ ထိုမိသားစုများက အပ်နှံသော ဆိတ်များကို နောက်ထပ် ဆင်းရဲနွမ်းပါးသော မိသားစုများထံ ထပ်မံပေးပြီး မွေးမြူစေခြင်း
ဖြင့် တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးခြံများ တိုးပွားလာစေသည်။

မွေးမြူပုံမှာ လွှတ်ကျောင်းသော စနစ်ဖြစ်ပြီး ဆိတ်တဲမှာ မြေစိုက်တဲများ ဖြစ်ကြသည်။ အိမ်ဝိုင်း၏ ခြံစည်းရိုးများကို ရှားစောင်း လက်ပပ်ပင် သို့မဟုတ် ထန်းလက်များနှင့် ကာရံထားသလို ဆိတ်တဲ၏ အမိုးကို ထန်းရွက်နှင့် မိုးထားပြီး ဆိတ်တဲကို ဆောက်ထားသော တိုင်များသည် ထန်းလက်တိုင်များသာ ဖြစ်ကြသဖြင့် ကုန်ကျစရိတ် နည်းပါးပေသည်။
ဖောင်ဒေးရှင်းမှ ထောက်ပံ့ထားသော ဆိတ်ကောင်ရေ ၁၁ ကောင် ပြည့်အောင် ပြန်မဆပ်နိုင်သေးချိန်တွင် ထိုမိသားစုမှာ ကျန်းမာရေး ကိစ္စကဲ့သို့ အရေးပေါ် ငွေလိုအပ်ပါက စီမံကိန်းမှ တာဝန်ရှိသူများက လာရောက် စစ်ဆေးပြီး မှန်ကန်ကြောင်း ထောက်ခံပေးသောအခါ ဆိတ်အချို့ကို ရောင်းချပြီး ငွေသုံးစွဲနိုင်ကြောင်း သိရှိရပါတယ်။ ဆိတ်များကို ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းတို့ကို ဖောင်ဒေးရှင်းမှ တာဝန်ခံ တိရစ္ဆာန်ဆေးကုဆရာဝန် များက ဆောင်ရွက်ပေးကြသည်။ ဤအစီအစဉ်သည် ချို့တဲ့နွမ်းပါးသော ကျေးလက်ပြည်သူ များအား ဝင်ငွေရရှိစေသကဲ့သို့ ဆိတ်မွေးမြူရေး ကဏ္ဍကိုလည်း တိုးပွားအောင် ကူညီထောက်ပံ့ပေးသော စီမံကိန်း ဖြစ်ပါသည်။
ရေစကြို
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် ဆိတ်ခြံ ၂ဝဝဝ ခန့်ရှိပြီး ဆိတ်ကောင်ရေ နှစ်သိန်းခွဲရှိကြောင်း သိရပါသည်။ ထိုဒေသ တစ်ခုလုံးတွင် ဆိတ်ကောင်ရေ ရှစ်သိန်းနီးပါး ရှိသောကြောင့် ရေစကြိုမြို့နယ်ရှိ ဆိတ်ကောင် ရေသည် တစ်တိုင်းလုံး၏ ၁/၇ ခန့် ဖြစ်နေသည်။ ရေစကြိုရှိ ကျေးရွာအုပ်စု ၈၁ အုပ်စုအနက် ၅ဝ ခန့်က ဆိတ်မွေးမြူကြသဖြင့် Goat City ဟုပင် တင်စားခေါ်ဝေါ်ကြပါသည်။
ရေစကြိုနှင့် ပတ်သက်လာလျှင် တိပိဋက ဘွဲ့နှင့် အဘိဝံသဘွဲ့ကို တစ်နှစ်တည်း တစ်ကြိမ်တည်း ဖြေဆိုအောင်မြင်ခဲ့သော ဆဋ္ဌမမြောက် တိပိဋဓရ ဆရာတော် ဦးဝါယမိန္ဒကြောင့် 'အတော်ဆုံးက ဆရာတော်ဘုရား' 'အထက်ဆုံး ကဓား' 'အမွှေးဆုံးက သနပ်ခါး' 'အမွေးမြူနိုင်ဆုံးကဆိတ်' ဟု ပြောစမှတ်ပြုကြသည်။ ဤ
ဒေသသည် အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ် မိုးရေချိန် လက်မ ၂ဝ အောက်သာရှိသော အပူပိုင်း မိုးနည်းရေရှားရပ်ဝန်းဖြစ်၍ ဆိတ်များကို မြေကြီးပေါ်မှာသာ မွေးမြူပြီး လွှတ်ကျောင်း သောစနစ်ကို ကျင့်သုံးကြပါသည်။
ဒေသသည် အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ် မိုးရေချိန် လက်မ ၂ဝ အောက်သာရှိသော အပူပိုင်း မိုးနည်းရေရှားရပ်ဝန်းဖြစ်၍ ဆိတ်များကို မြေကြီးပေါ်မှာသာ မွေးမြူပြီး လွှတ်ကျောင်း သောစနစ်ကို ကျင့်သုံးကြပါသည်။
တစ်မြို့နယ်လုံး၏ ၆၅ ရာခိုင်နှုန်းက သနပ်ခါးခြံများဖြစ်ရာ ထိုသနပ်ခါးခြံများသည် ဆိတ်များ၏ စားကျက်သဖွယ် ဖြစ်နေသည်။ ဆိတ်များသည် သနပ်ခါးပင်အောက်ခြေမှ ချုံနွယ်ပိတ် ပေါင်း အားလုံးကို စားသော်လည်း သနပ်ခါးပင်
နှင့် သနပ်ခါးအခေါက်ကို လုံးဝမစားပေ။ ထို့ကြောင့် သနပ်ခါးခြံထဲသို့ ဆိတ်များကို လွှတ်ကျောင်းခြင်းအား ခြံရှင်များက ကြည်ဖြူကြပါသည်။
နှင့် သနပ်ခါးအခေါက်ကို လုံးဝမစားပေ။ ထို့ကြောင့် သနပ်ခါးခြံထဲသို့ ဆိတ်များကို လွှတ်ကျောင်းခြင်းအား ခြံရှင်များက ကြည်ဖြူကြပါသည်။
ရေစကြိုမြို့နယ် ဆိတ်မွေးမြူရေး လုပ်ငန်း၏ ဂုဏ်ယူစရာကောင်းသော ဖြစ်ရပ်တစ်ခုမှာ မအူကျောက်ဖူးကျေးရွာမှ မွေးမြူရေး တောင်သူဦးဇော်နိုင်သည် ၂ဝ၁၄ ခုနှစ်တွင် 'နိုင်ငံတော် သမ္မတ၏ မွေးမြူထုတ်လုပ်မှု ထူးချွန် လူပုဂ္ဂိုလ်' အဖြစ် ရွေးချယ်ခံရခြင်းပင် ဖြစ်ပါသည်။
ဦးဇော်နိုင်၏ခြံမှ ဆိတ်များသည် ထွားကြိုင်းသန်မာလှသည်။ အစာခွက်နှင့် ရေခွက်များမှာ ထိန်းလုံးကို ထွင်းထားသော စားကျင်းများဖြစ်ပြီး ဆိတ်ကောင်ရေ ၂၅ဝ-၃ဝဝ အတွက် ဆယ့်နှစ်ရာသီ လေမိုးဒဏ်ခံနိုင်သော ဆိတ်ဲဆောက်လုပ်မှု၏ ကုန်ကျစရိတ်သည် သုံးသိန်းခန့်သာ ကုန်ကျသဖြင့် စရိတ်စက သက်
သာလှသည်။
သာလှသည်။
ဦးဇော်နိုင်၏ ထိန်ဆန်း ဆိတ်မမျိုး၊ ဆိတ်ထီးမျိုးများကို ဇော်နိုင်ဆိတ်အဖြစ် ရေစကြို မြို့နယ်၊ မြိုင်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ မြောင်မြို့နယ်၊ ချောင်းဦး မြို့နယ်၊ ဘုတလင်မြို့နယ်၊ မုံရွာမြို့နယ်အထိ လူသိများ ကျော်ကြားအောင် မွေးမြူနိုင်သူ ဖြစ်ပါသည်။ ငါးလသား ဆိတ်ထီး(ဆိတ်သိုး) များကို ပေါင် ၁ဝဝ-၁၂ဝ အတွင်း
စံချိန်မီအောင် စနစ်တကျ ကျွေးမွေးဆောင် ရွက်နိုင်သူဖြစ်ပါသည်။ မြန်မာပြည်၏ ဆိတ်အများဆုံး မွေးမြူနိုင်သော ရေစကြို မြို့နယ်တွင် အထူးချွန်ဆုံး၊ သူမတူအောင် စံပြမွေးမြူနိုင်သူဖြစ်သဖြင့် ၂ဝ၁၄ ခုနှစ် နိုင်ငံတော်သမ္မတ၏ မွေးမြူထုတ်လုပ်မှု ထူးချွန်လူပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ပေ
သည်။

မြစိမ်းရောင်စီမံကိန်း
မြစိမ်းရောင် စီမံကိန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နိုင်ငံတော်၏ ဘတ်ဂျက်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသော စီမံကိန်းဖြစ်သည်။ ယင်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လည်ပတ်ရန်ပုံငွေ ထောက်ပံ့သော လူထုဗဟိုပြု စီမံကိန်းဖြစ်ပြီး ကျေးရွာ တစ်ခု၏ ရန်ပုံငွေကို ကျေးရွာကော်မတီအဖွဲ့ဝင်များက စီမံခန့်ခွဲမှု လုပ်ဆောင်ကြသည်။ ထိုကော်မတီတွင် ကျေးရွာသူ၊ ကျေးရွာသား အဖွဲ့ဝင် ၇-၁ဝ ဦး ပါဝင်ပြီး အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေ ညီမျှစွာ ပါဝင်ပါသည်။
ကျေးလက်နေ ပြည်သူများ စီးပွားရေး လုပ်ဆောင်နိုင်ရန် အတိုးနှုန်း သက်သာစွာ ငွေချေးပေးသော စီမံကိန်းဖြစ်ပြီး အများဆုံး လုပ်ကိုင်ကြသည်မှာ -
(၁) စိုက်ပျိုးရေး
(၂) မွေးမြူရေး
(၃) အခြားလုပ်ငန်းများတို့ ဖြစ်ပါသည်။ ကာလတို ချေးငွေ၏ အတိုးနှုန်းသည် ကာလရှည်ချေးငွေ၏ အတိုးနှုန်းထက် ပိုမိုများပါသည်။
(၁) စိုက်ပျိုးရေး
(၂) မွေးမြူရေး
(၃) အခြားလုပ်ငန်းများတို့ ဖြစ်ပါသည်။ ကာလတို ချေးငွေ၏ အတိုးနှုန်းသည် ကာလရှည်ချေးငွေ၏ အတိုးနှုန်းထက် ပိုမိုများပါသည်။
မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြစိမ်း
ရောင်(အသားကဏ္ဍ) မွေးမြူရေးကျေးရွာများကို အကောင်အထည်ဖော်ကာ ဆောင်ရွက် လျက်ရှိရာ မွေးမြူရေးလုပ်ငန်းမှ မိသားစု ဝင်ငွေ တိုးတက်စေခြင်း၊ စားနပ်ရိက္ခာ ဖူလုံစေခြင်းနှင့် ကျေးလက်ရန်ပုံငွေ ထူထောင်နိုင်ရန် ရည်ရွယ် ခြင်း ဖြစ်ပါသည်။

မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေး ကျေးရွာများကို ရွေးချယ်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ၍ ဆောင်ရွက်ကြသည်။ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ခွင်ပြုမတည်ငွေကို ကျေးရွာ ရန်ပုံငွေ ကြီးကြပ်မှုကော်မတီမှ တောင်သူများ မွေးမြူလိုသော တိရစ္ဆာန်ကို ဝယ်ယူရေး အဖွဲ့ဖြင့် ဝယ်ယူဖြန့်ဖြူးကြပါသည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၆ဝဝဝ တန်ဖိုးရှိ မွေးမြူရေး တိရစ္ဆာန်များအား တိုင်းဒေသကြီး၊ ပြည်နယ်များ အတွင်းရှိ မြို့နယ် ၁၇၃ မြို့နယ်ရှိ ကျေးရွာ ၄၈၄ ရွာကို
No comments:
Post a Comment