Wednesday, August 3, 2016

အလက်ပိုအစိုးရထိန်းချုပ်နေရာများအား သူပုန်များက လက်နက်ကြီးများဖြင့် ပစ်ခတ်၊ အရပ်သား ၃ဝ သေဆုံး



 
 
 
 
ဒမတ်စကက် သြဂုတ် ၂

အလက်ပို မြောက်ဘက်အစိုးရထိန်းချုပ် နယ်မြေများသို့ သူပုန်များက လက်နက် ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အနည်းဆုံး အရပ်သား ၃ဝ သေဆုံးပြီး ၂၁ဝ ဒဏ်ရာရရှိခဲ့ကြကြောင်း ဆီးရီး ယား အမျိုးသားရုပ်မြင်က သြဂုတ် ၁ ရက်နေ့တွင် ပြောသည်။
တနင်္ဂနွေနေ့ကတည်းက အလက်ပို အနောက်ပိုင်း အစိုးရထိန်းချုပ်ရာ ဒေသ များသို့ သူပုန်များက လက်နက်ကြီး များဖြင့် အရှိန်မြှင့်တိုက်ခိုက်မှုများ ပြုလုပ် လျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြ သည်။

ဆီးရီးယားလူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့က ဆီးရီးယားအစိုးရတပ်ဖွဲ့ သည် သြဂုတ် ၁ ရက်က အလက်ပိုထိုးစစ် အတွင်း သူပုန်ထိန်းချုပ်နေရာအတော် များများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ ကြောင်း ပြောခဲ့သည်။ ယူကေအခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ကလည်း အလက်ပို တောင်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလျက် ရှိသေးကြောင်း ပြောခဲ့သည်။
(ဆင်ဟွာ)

No comments:

Post a Comment