
ကွမ်ကျိုး သြဂုတ် ၂
တိုင်ဖွန်းမုန်တိုင်းနီဒါသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် ရှန်ကျန် မြို့ရှိ ဒန်ပန်ကျွန်းကို သြဂုတ် ၂ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၅၅ မိနစ် တွင် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဒေသဆိုင်ရာ မိုးလေဝသအာဏာပိုင် များက ပြောကြားခဲ့သည်။ လေတိုက်နှုန်း တစ်နာရီလျှင် ၁၅၁ ဒသမ ၂ ကီလို မီတာနှုန်းထိတိုက်ခတ်သော အင်အား ပြင်း တိုင်ဖွန်းမုန်တိုင်းသည် အနောက် မြောက်ဘက်သို့ တစ်နာရီလျှင် ၂၅ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားပြီး ရှန်ကျန်၊ ဒွန်ဂန်၊ ကွမ်ကျိုး၊ ဖိုဆန်၊ သောင်ချင်း မြို့များနှင့် ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ဒေသများသို့ ဖြတ်သန်းဝင်ရောက် တိုက်ခတ်မည်ဟု ခန့်မှန်းကြောင်း ကွမ်တုံပြည်နယ် မိုးလေဝသအာဏာ ပိုင်များက ပြောသည်။
မုန်တိုင်းကြောင့် သြဂုတ် ၂ ရက်က မီးရထားခရီးစဉ် ၂ဝဝ နီးပါး ရပ်ဆိုင်း ခဲ့ရကြောင်း နန်နင်း မီးရထားဌာနက ကြေညာချက်ထုတ်ပြန်သည်။ တပ်မတော် သား နှင့် အထောက်အကူတပ်ဖွဲ့ဝင် ၂ဝဝဝကျော်၊ လူနာတင်ယာဉ် ၁ဝဝ ကျော်တို့ကို မုန်တိုင်းအ္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရှိသည်။ ထို့အပြင် ကမ်းနီးကမ်းဝေးငါးဖမ်းသင်္ဘောများကို လည်း မုန်တိုင်းအ္တရာယ်မှရှောင်ရှားနိုင် ရန် ဆိပ်ကမ်းများတွင် ဆိုက်ကပ်ထားရန် သက်ဆိုင်ရာ အာဏာပိုင်က အမိန့်ထုတ် ပြန်ထားကြောင်း သိရသည်။ (ဆင်ဟွာ)
No comments:
Post a Comment