Thursday, August 4, 2016

အီမရိတ်လေကြောင်းပိုင် ခရီးသည်တင်လေယာဉ် ဒူဘိုင်းလေဆိပ်၌ အရေးပေါ်ဆင်းသက်စဉ် မီးလောင်

Image may contain: sky and outdoor
ဒူဘိုင်း သြဂုတ် ၃
အီမရိတ်လေကြောင်းဌာနပိုင် ခရီးသည်တင်လေယာဉ်တစ်စင်းသည် သြဂုတ် ၃ ရက်က အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ဒူဘိုင်းမြို့ရှိ နိုင်ငံ တကာလေဆိပ်သို့ အရေးပေါ်ဆင်းသက်စဉ် လေယာဉ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ သို့ရာတွင် ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း စုစုပေါင်း ၃ဝဝ စလုံးမှာ မီးလောင်နေသော လေယာဉ်ကိုယ်ထည်မှ ထွက်ပြေးလွတ်မြောက်ခဲ့ကြကြောင်း အာဏာပိုင်များက ပြောကြားသည်။
လေယာဉ်ဦးပိုင်းဘက်မှ မီးခိုးများအူထွက်လာပုံကို ဗီဒီယိုမှတ်တမ်းတွင် တွေ့မြင်ရသည်။ လေယာဉ်မှာ ဝမ်းဗိုက်ဖြင့် လျှောဆင်းခဲ့ပုံရပြီး လေယာဉ်ပေါ် လိုက်ပါလာသူအားလုံးကို ဘေးကင်းရာသို့ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ခရီးသည် ၂၇၅ ဦးနှင့် လေယာဉ်ဝန်ထမ်းများ လိုက်ပါလာခဲ့သော ဘိုးရင်း-၇၇၇ လေယာဉ်သည် အိန္ဒိယနိုင်ငံ ထရီဗန်ဒရမ်မြို့မှ ဒူဘိုင်းမြို့သို့ ပျံသန်းခဲ့ခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားကြသည်။
ရိုက်တာ။

No comments:

Post a Comment