Thursday, August 4, 2016

စုံညီခုံရုံးက ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၄)အား အပြီးသတ်အမိန့်ချမှတ်



Image may contain: 3 people



နေပြည်တော် သြဂုတ် ၃

ရှမ်းပြည်နယ် ဟိုပန်မြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ''ဝ'' ဒီမိုကရက်တစ်ပါတီမှ ဦးကျင်ဝမ်း အပေါ် ''ဝ'' အမျိုးသားစည်းလုံး ညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးယောဟန် ၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂ဝ၁၆ ခုနှစ် မေ ၃၁ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်)အပေါ် ဦးယောဟန်က ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၄/၂ဝ၁၆) ဖြင့် လက်ခံခဲ့သည်။

အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂ဝ၁၆ ခုနှစ် သြဂုတ် ၃ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ရှမ်းပြည်နယ် ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးကျင်ဝမ်းအား ရွေးကောက်တင်မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်အတည် ဖြစ်သည်ဟု မူလရွေးကောက်ပွဲခုံအဖွဲ့ (၁) ၏ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်းနှင့် အယူခံလျှောက်ထားမှုအား စရိတ်နှင့်တကွ ပယ်သည့် အပြီးသတ်အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment