သတင်း - မြင့်မောင်စိုး၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)
ရန်ကုန် သြဂုတ် ၂
မြန်မာနိုင်ငံတွင် များမကြာမီကာလအတွင်း ဒေဝူးဘတ်စ်ကားများ ထုတ်လုပ်ဖြန့်ချိ သွားနိုင်တော့မည်ဖြစ်ကြောင်း ဒေဝူးဘတ်စ်ကားများ မြန်မာနိုင်ငံသို့ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိနေသော ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။
''ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မကြာမီကာလအတွင်း ဒေဝူးဘတ်စ်ကားတွေ ထုတ်လုပ်ဖြန့်ချိသွားနိုင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က တော့ မြန်မာနိုင်ငံမှာ အထူးသဖြင့် စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တော်မှာ လိုအပ်နေတဲ့ အများပြည်သူသုံးဘတ်စ်ကားတွေ၊ ကျောင်းသား ကျောင်းသူများ လုံခြုံ သက်သာစွာအဆင့်အတန်းမြင့်စွာ အသုံးပြုနိုင်တော့မယ့် ကျောင်းကြို/ပို့ ယာဉ်တွေ ကို ဈေးနှုန်းသက်သာစွာဖြန့်ဖြူးပေးဖို့ ရည်ရွယ်ပါတယ်''ဟု ပြညောမေ ဃသခေ့ ဃနညအနမ ဃသူးအိ. မှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က ပြောသည်။
အဆိုပါကုမ္ပဏီက တင်သွင်းသော ဒေဝူးဘတ်စ်ကား ၁၅ စီး၊ ရန်ကုန် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သို့ လွှဲပြောင်းပေးအပ်သော အခမ်းအနား ၌ ဦးကျော်ကျော်အောင်က ပြောသည်။
ဒေဝူးဘတ်စ်ကားများ မြန်မာနိုင်ငံ၌ ထုတ်လုပ်လာနိုင်သည်နှင့်အမျှ ပြည်သူ များ အရည်အသွေးကောင်းမွန်သော ဘတ်စ်ကားများ ဈေးနှုန်းသက်သာစွာ သုံးစွဲ လာနိုင်မည်ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာကျွမ်းကျင်သည့် အတတ်ပညာရှင်များလည်း တိုးပွားလာမည်ဖြစ်ကြောင်း၊ ရန်ကုန် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးတွင် ဒေဝူးကားများ သုံးစွဲမှုတိုးပွားကာ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။
ဒေဝူးကားထုတ်လုပ်ရေးကုမ္ပဏီသည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။
No comments:
Post a Comment