
ကနီ သြဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိပြီး ဇူလိုင် ၃၁ ရက်တွင် ကနီမြို့၏ စိုးရိမ်ရေမှတ်အထက် ငါးပေကျော်ခန့် မြင့်တက်နေ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်မြင့်၊ မြို့နယ်စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အမှတ် (၁)ရပ်ကွက်ရှိ ရေဝင်အိမ်များမှပစ္စည်များ ပြောင်းရွှေ့
ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်ရေဆက်လက်မြင့်တက်နေ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြစ်ရေဆက် လက်တက်ရောက်လာပါက ကြိုတင်ပြင်ဆင်၍ ရေလွတ်ရာကုန်းပိုင်းများတွင် အချိန်မီရွှေ့ပြောင်းနိုင်ရန် သဘာဝဘေးကြိုတင်သတိပေးနှိုးဆော်မှုများနှင့် ရေကင်းများဖြင့် လှည့်လည်ခြင်းကို ယနေ့မှစတင် ဆောင်ရွက်ပေးနေပြီး ရေဝင်ရောက်သည့် ပြည်သူများကို မိမိတို့ ရဲတပ်ဖွဲ့နှင့်
မီးသတ်တပ်ဖွဲ့များက ဆက်သွယ်ပြီး ကူညီဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မီးသတ်တပ်ဖွဲ့များက ဆက်သွယ်ပြီး ကူညီဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကနီမြို့ အခြေစိုက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြို့နယ်ဇလဗေဒစခန်းမှ တရားဝင်ထုတ် ပြန်ချက်အရ ဇူလိုင် ၃၁ ရက် ညနေ ၆ နာရီခွဲတွင် ကနီမြို့ ၏ ချင်းတွင်းမြစ်ရေမှာ ၁၂၉၂ စင်တီမီတာအထိ တက်ရောက်ခဲ့၍ ကနီမြို့၏ စိုးရိမ်ရေမှတ် ၁၁၃ဝ စင်တီမီတာ အထက် ၁၆၂စင်တီမီတာ (ငါးပေခန့်)အထိ ရောက်ရှိ နေပြီဖြစ်ကြောင်း မြို့နယ်ဇလဗေဒစခန်းတာဝန်ရှိသူထံမှ
သိရသည်။
သိရသည်။
သန်းဌေးအောင်(ကနီ)
No comments:
Post a Comment