Wednesday, August 3, 2016

အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ ဂျိမ်းဗာဒီ

ကောင်းမြတ်သူ-စုစည်းသည်

ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းနဲ့အတူ ခြေစွမ်းပြ ကစားခဲ့တဲ့ ဂျိမ်းဗာဒီကို အာဆင်နယ်က အလိုရှိနေတာ ပါ။ အာဆင်နယ်က ကမ်းလှမ်းမှုတွေလုပ်ခဲ့ပေမယ့် လက် စတာကတော့ ပယ်ချလိုက်ပါတယ်။ လက်စတာအသင်း အနေနဲ့ ပရီမီယာလိဂ်ဖလား အောင်မြင်စွာ ဆွတ်ခူးနိုင် ခဲ့တဲ့ ခြေစွမ်းကို ဆက်လက်ထိန်းထားမှာဖြစ်တဲ့အတွက် ဗာဒီကို ထုတ်ရောင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တိုက် စစ်မှူး ဂျိမ်းဗာဒီအနေနဲ့ လက်ရှိချန်ပီယံ လက်စတာ အသင်းမှာပဲ ဆက်လက်နေသင့်တယ်လို့ အင်္ဂလန်နည်း ပြဟောင်း ရွိုင်ဟော့ဆန်က ဆိုပါတယ်။ ယူရို ၂ဝ၁၆ မှာ အင်္ဂလန်အသင်းနဲ့အတူ စတင်ပါဝင်ကစားခဲ့တဲ့ ဂျိမ်း ဗာဒီကို သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ လက်စတာ အသင်းမှာလည်း ရှိသင့်တယ်လို့ ဆိုပါတယ်။ အာဆင် နယ်က ပေါင်သန်း ၂ဝ နဲ့ ခေါ်ယူမယ်လို့ ပစ်မှတ်ထားခဲ့ တာပါ။ အသက် ၂၉ နှစ်အရွယ်ရှိတဲ့ တိုက်စစ်မှူး ဗာဒီ ကို စာချုပ်သစ် ချုပ်ဆိုဖို့ လက်စတာက ကြေညာထား ပါတယ်။

No comments:

Post a Comment