Monday, July 4, 2016

သိပ္ပံအက်ရှင်ဇာတ်ကားသစ် Independence Day:Resurgence

The Mirror Daily's photo.
Independence Day:Resurgence ဇာတ်ကားသည် ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့သည့် Independence Day ဇာတ်ကား၏ ပထမဆုံးသောနောက်ဆက်တွဲဇာတ်ကားဖြစ်ပြီး ယခုဇာတ်ကားသစ်တွင် ထူးခြားဆန်းကြယ်သော ပြကွင်းပြကွက်များနှင့်အတူ ဂြိုဟ်သားများနှင့် လူသားတို့အကြား ဖြစ်ပျက်သမျှအကြောင်းအရာများကို တင်ဆက်ပြသထားခြင်းကြောင့် သိပ္ပံ ဇာတ်ကားပရိသတ်များ သဘောကျနှစ်သက်စေမည့် ဇာတ်ကားတစ်ကားလည်းဖြစ်သည်။
ယင်းဇာတ်ကားသစ်တွင် ဂြိုဟ်သားများသည် လူသားကမ္ဘာကို တိုက်ခိုက်ပြီး ရှုံးနိမ့်ခဲ့သဖြင့် အခဲမကျေဘဲ တစ်ချိန်ချိန်တွင် လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း လူသားများက ကြိုတင်သိရှိနေခဲ့သည်။ ထိုအခါ ဂြိုဟ်သားများသည် နည်းပညာမြင့်မားပြီး ခေတ်မီလွန်းလှသည့် လက်နက်ပစ္စည်းများနှင့် အင်အားများကိုစုစည်းပြီး လူသားကမ္ဘာသို့ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်လာပြန်ပါတော့သည်။
လူသားများအနေဖြင့်လည်း ရှိသမျှအင်အားအကုန်စုပြီးခုခံသော်လည်း ဂြိုဟ်သားများ၏ ခေတ်မီလက်နက်များနှင့် မထင်မှတ်ထားသည့် အင်အားကြောင့် အရေးနိမ့်ခဲ့ရပါတယ်။
ထို့ကြောင့် လူသားများ၏ကံကြမ္မာသည် ပင်ကိုအရည်အချင်းထူးချွန်ပြီး ရဲစွမ်းသတ္တိရှိ သည့်အမျိုးသား၊ အမျိုးသမီးအချို့အပေါ်တွင် တည်မှီနေပြီး လူသားမျိုးနွယ်တစ်ခုလုံး ပျက်သုဉ်း ပျောက်ဆုံးမည့်ဘေးမှ အပြင်းအထန်ကြိုးစားရင်ဆိုင်ကာကွယ်ကြပုံကို ရိုက်ကူးတင်ဆက်ထား သည့် သိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။
ယင်းဇာတ်ကားတွင် သြစတြေးလျမင်းသား Liam Hemsworth က ခေါင်းဆောင်ပါဝင် ထားပြီး ယင်းဇာတ်ကားသည် ယခုလက်ရှိတွင် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ရုံဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၅ သန်းကျော် ရရှိနေပြီဖြစ်ကြောင်းသိရသည်။
Independence Day:Resurgence ဇာတ်ကားကို မြန်မာနိုင်ငံတွင်လည်း ဇူလိုင် ၁ ရက်မှစတင်ကာ ရုံတင်ပြသလျက်ရှိကြောင်းသိရသည်။
မျိုးစန္ဒာမောင် စုစည်းသည်

No comments:

Post a Comment