Monday, July 4, 2016

ရာဇဂြိုဟ်ဆည်အထက်တွင်ရှိသည့် နုန်းတားဆည်ပျက်စီးမှုအနည်းငယ်ရှိသော်လည်း စိုးရိမ်စရာမရှိ

သတင်း-မင်းသစ်(သတင်းစဉ်)၊ ဓာတ်ပုံ-ကဖိုးတင်

ကလေး ဇူလိုင် ၃

ချင်းပြည်နယ်တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်း မှုကြောင့် တွီလီချောင်းမှတစ်ဆင့် ရေများအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ရာဇဂြိုဟ်ဆည်အထက်တွင်ရှိသည့် နုန်းတားဆည်၌ ပျက်စီးမှု အချို့ရှိခဲ့ကြောင်း ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

''ရေလုံးအရှိန်နဲ့ဆိုတော့ နုန်းတားဆည်က နည်းနည်း ပါးပါးပျက်စီးတာပါ။ အခုတော့ ရာဇဂြိုဟ်ဆည်အတွင်းက ရေကလည်း ပြန်ကျသွားပါပြီ။ ရာဇဂြိုဟ်ဆည်လည်း ထိခိုက်မှု မရှိပါဘူး။ ဘာအ္တရာယ်မှလည်း မရှိပါဘူး။ ပြည်သူတွေ မစိုးရိမ်ပါနဲ့လို့ ပြောချင်ပါတယ်''ဟု ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်နိုင်က ပြောသည်။

ထိုသို့ မိုးရေအလုံးအရင်းဖြင့် နုန်းတားဆည်ကို ဖြတ် ကျော်ပြီး ရာဇဂြိုဟ်ဆည်အတွင်း ဝင်ရောက်လာမှုကြောင့် နံနက် ၁ဝ နာရီ ၄၅ မိနစ် တိုင်းတာချက်အရ အမြင့်ဆုံးရေမှတ် ၆၅၁ ဒသမ ၅ ပေအထိ ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် ရေအမှတ် ၆၄၅ ဒသမ ၅ ပေအထိ ပြန်လည်ကျဆင်းသွားကြောင်း ဆည် မြောင်းဦးစီးဌာနမှ သိရသည်။
''ရေကျော်နိုင်မယ့်နေရာတွေမှာ သဲအိတ်တွေ ချထားပါ တယ်။ ရာဇဂြိုဟ်ဆည်ထဲ ဝင်လာတဲ့ သစ်ပင်၊ အမှိုက်သရိုက် တွေကိုလည်း ရေလွှဲပေါက်တွေမှာ ပိတ်ဆို့မှုမရှိအောင် ယန္တရား တွေနဲ့ ဆယ်နေပါတယ်။ နုန်းတားဆည်ကိုတော့ ရေပြန်ကျတာ နဲ့ ပျက်စီးသွားတဲ့အပိုင်းတွေကို ပြန်လည်ပြင်ဆင်သွားပါမယ်''ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်နိုင်က ပြောသည်။

ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် မြေပြိုဆည်နှင့်ပတ်သက်ပြီး ''မြေပြိုဆည် ပေါက်ကျမကျကတော့ မသိရသေးပါဘူး။ အဲ့ဒီဘက် မှာ မိုးက အရမ်းရွာနေတယ်။ ဌာနက တာဝန်ရှိသူတချို့ ဟန်ကင်ရွာက နေ သွားကြည့်ကြတယ်။ မိုးရွာနေတော့ ဘာမှမမြင်ရဘူး''ဟု ¤င်းက ဆက်လက်ပြောသည်။

မိုးရေများဝင်ရောက်ချိန်တွင် နုန်းတားဆည်၌ လုပ်ငန်း ဆောင်ရွက်နေသူတချို့ ပိတ်မိနေကြောင်း သတင်းများ ထွက်ပေါ်နေခြင်းနှင့်စပ်လျဉ်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်နိုင်က ''လူ ၁ဝ ဦး နုန်းတားဆည်မှာ ပိတ်မိတယ် ဆိုတာမဟုတ်ပါဘူး။ လမ်းရှိပါတယ်။ လမ်းလည်းဖောက်ထားပါ တယ်''ဟု ပြောသည်။

၂ဝ၁၅ ခုနှစ် မိုးရာသီကာလတွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် တောင်ကျချောင်းရေနှင့်အတူ နုန်းအနည်အနှစ်များ ရာဇဂြိုဟ်ဆည်အတွင်း ဝင်ရောက်လာပြီး အနည်ပို့ချမှုများလာ ကြောင်း၊ ယခုနှစ်တွင် အနည်ပို့ချမှု လျော့နည်းစေရန်အတွက် ရာဇဂြိုဟ်ဆည်နှင့် သုံးမိုင်ခွဲခန့်တွင် အမြင့် ၁၂ ပေ၊ အလျားပေ ၃၅ဝရှိ နုန်းတားဆည်တစ်ခု၊ နှစ်မိုင်ခွဲခန့်တွင် အမြင့် ၁၂ ပေ၊ အလျားပေ ၂ဝဝ ရှိ နုန်းတားဆည်တစ်ခုနှင့် တစ်မိုင်ခန့်တွင် အမြင့် ၁၆ ပေ၊ အလျားပေ ၂၁ဝ ရှိ နုန်းတားဆည်တစ်ခုကို တည်ဆောက်နေစဉ်အတွင်း ချင်းတောင်ပေါ်၌ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် တွီလီချောင်းမှတစ်ဆင့် မိုးရေများ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment