သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း၊
ဓာတ်ပုံ- မင်းထက်
ဓာတ်ပုံ- မင်းထက်
ရန်ကုန် ဇူလိုင် ၃
မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံလုပွဲ ၂ဝ၁၆ ဆီမီးဖိုင်နယ်ပွဲစဉ် များကို ယနေ့ မွန်းလွဲ၂ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ ရိုးရာလက်ဝှေ့အားကစားရုံ၌ ယှဉ်ပြိုင်ထိုးသတ်ကြရာ ကြယ်လင်းအောင်(တောင်ကလေး)က ရန်နိုင်အောင်(ရွှေမိုးထိ ငြိမ်းချမ်းရေး)ကို အမှတ်ဖြင့် အနိုင်ယူခဲ့ကာ ရဲရင့်အောင်(နဂါးမာန်)က စိုးထက်ဦး(အဖြူရောင်သွေးသစ်)ကို စတုတ္ထအချီတွင် အလဲထိုး ဖြင့် အနိုင်ရခဲ့ခြင်းကြောင့် နောက်ဆုံးဖိုင်နယ် ရွှေခါးပတ်လုပွဲတွင် သ္ဘာရင့်လက်ဝှေ့ကျော် ကြယ်လင်းအောင်နှင့် ရဲရင့်အောင်တို့ ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။
ယနေ့တွင် ၂ဝ၁၆ ခုနှစ် ဝိတ်တန်းအလိုက် ရွှေခါးပတ်ချန်ပီယံ ဆီမီးဖိုင်နယ်ပွဲစဉ် စုစုပေါင်း ၁၄ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
၅၁ ကီလိုတန်းတွင် သက်ပိုင်အောင်(တောင်ကလေး)နှင့် ရွှေဖားစည် (မြိုင်ကလေးဘိလပ်မြေစက်ရုံ)တို့ ယှဉ်ပြိုင်ထိုး သတ်ရာ ရွှေဖားစည်က အမှတ်ဖြင့် နိုင်ခဲ့ပြီး စိုးဝင်းသန်း (ရန်စစ်ငြိမ်း)နှင့် စွမ်းထက်နိုင်(ဗမာ့သွေး)တို့ ယှဉ်ပြိုင်ထိုးသတ် ရာတွင်လည်း စွမ်းထက်နိုင်က အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် ဒိုင်နှစ်ဦး၏ ဆုံးဖြတ်ချက်အရအသာရခဲ့၍ ၅၁ ကီလိုတန်း ဖိုင်နယ် ရွှေခါးပတ်လုပွဲတွင် ရွှေဖားစည် (မြိုင်ကလေးဘိလပ်မြေစက်ရုံ) နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ ၅၄ ကီလိုတန်းတွင်လည်း ကိုကိုအောင်(ထွန်းသွင်)နှင့် ရဲသွေးနီ(တောင်ကလေး)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ပထမအချီမှာပင် ရဲသွေးနီကအလဲထိုးဖြင့် နိုင်ခဲ့ကာ အသည်းစွဲ(မြိုင်ကလေးဘိလပ်မြေစက်ရုံ)နှင့် စစ်မျိုး (ရန်စစ်ငြိမ်း)တို့ပွဲတွင် အသည်းစွဲက အမှတ်ဖြင့် အနိုင်ရခဲ့ခြင်း ကြောင့် နောက်ဆုံးဖိုင်နယ် ရွှေခါးပတ်လုပွဲတွင် ရဲသွေးနီနှင့် အသည်းစွဲတို့ ယှဉ်ပြိုင်ထိုးသတ်ကြရမည်ဖြစ်သည်။
၅၇ ကီလိုတန်းဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ဂျစ်တူး(တိုက်ဂါး)နှင့် နက္ခအောင်(တောင်ကလေး)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ လက်ရည်မမျှ၍ တတိယအချီတွင် ခုံဒိုင်ချုပ်က ဒိုင်ပွဲရပ်ဖြင့် နက္ခအောင်ကိုအနိုင်ပေးခဲ့ကာ မိုးဟိန်း(မြိုင်ကလေးဘိလပ်မြေ စက်ရုံ)နှင့် မိုက်ရိုင်း(ရွှေဖူး)တို့ပွဲတွင် ဒုတိယအချီ ၁ မိနစ် ၅၄ စက္ကန့်တွင် မိုးဟိန်းဘယ်ဘက်မျက်ခုံးကွဲ၍ ဆေးကျကာ မိုက်ရိုင်း ကို အနိုင်ပေးခဲ့သဖြင့် ဖိုင်နယ် ရွှေခါးပတ်လုပွဲတွင် မိုက်ရိုင်းနှင့် နက္ခအောင်တို့ ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ၆ဝ ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ရွှေထွန်းယုံ (ရန်စစ်ငြိမ်း)နှင့် စည်သူအောင်(ရွှေမိုးထိငြိမ်းချမ်းရေး)တို့ ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်ရာ ပထမအချီမှာပင် စည်သူ အောင် တန်ပြန်ခေါင်းရိုက်ချက်ကို ခံလိုက်ရ၍ ရွှေထွန်းယုံ အနိုင် ရခဲ့ပြီး စောထူးဇော်(ဒို့ရိုးရာ)နှင့် စောဒါဝိတ်(တောင်ကလေး)တို့ပွဲ၌ တတိယအချီတွင် စောဒါဝိတ် ဆက်လက်ယှဉ်ပြိုင် ထိုးသတ်ရန် ခွန်အားမရှိတော့သဖြင့် စောထူးဇော်အနိုင်ရခဲ့ခြင်း ကြောင့် နောက်ဆုံးရွှေခါးပတ်ကို ရွှေထွန်းယုံနှင့် စောထူးဇော် တို့ လုကြရတော့မည်ဖြစ်သည်။
ဆီမီးဖိုင်နယ် ၆၃ ဒသမ ၅ ကီလိုတန်းပြိုင်ပွဲတွင် ကြယ်စင် ဖြိုး(အဖြူရောင်သွေးသစ်)နှင့်ဒေါနအောင်တို့ပွဲ၌ လက်ဝှေ့ပွဲပုံစံ မပေါက်ဘဲ နပန်းပွဲပုံပေါက်ခဲ့သော်လည်း ကြယ်စင်ဖြိုး အမှတ် ဖြင့် အနိုင်ရကာ ထက်အောင်ဦး(တောင်ကလေး)နှင့် သား အသည်းတစ်ပွင့်(ဗမာ့သွေး)တို့ပွဲတွင် အသည်းမာမာဖြင့် ဇွဲပါ လှသည့် ထက်အောင်ဦး ငါးချီပြည့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော် လည်း တန်ပြန်ထိုးချက်ဖြင့် အပေါ်စီးမှ ယှဉ်ပြိုင်ထိုးသတ်ခဲ့ သော သားအသည်းတစ်ပွင့်အမှတ်ဖြင့် အနိုင်ရခဲ့သဖြင့် ဖိုင်နယ် တွင် ကြယ်စင်ဖြိုးနှင့် သားအသည်းတစ်ပွင့်တို့ ရင်ဆိုင်ဆုံတွေ့ ကြမည်ဖြစ်သည်။ ၆၇ ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစဉ်တွင် သွေးသစ် ဝင်းလှိုင်(ရွှေမိုးထိငြိမ်းချမ်းရေး)နှင့် ဖိုးလပြည့်(ရွှေဖူး) ရင်ဆိုင် ယှဉ်ပြိုင်ထိုးသတ်ရာတွင် လေးချီပြည့်သည်အထိ တစ်ဖက်နှင့် တစ်ဖက် အနိုင်မခံ အရှုံးမပေး ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ သော်လည်း တစ်ချက်မှား ကြမ်းပြင်တစ်ခါမှောက်ရသည့် ရိုးရာ လက်ဝှေ့လောကတွင် နောက်ဆုံးငါးချီမြောက်ယှဉ်ပြိုင် ထိုးသတ်ရာ၌ နိုင်လိုစိတ်ဆန္ဒပြင်းပြနေသော ဖိုးလပြည့်အဝင် မှားခဲ့သဖြင့် သွေးသစ်ဝင်းလှိုင် ဘယ်ညာတွဲလုံးများ သုံးကာ ညာခြေကန်ချက်ဖြင့် ပွဲသိမ်းခဲ့သဖြင့် သွေးသစ်ဝင်းလှိုင် အလဲထိုး ဖြင့် အနိုင်ရခဲ့သည်။ ၆၇ ကီလိုတန်း ဒုတိယပွဲစဉ်ဖြစ်သည့် ရဲတံခွန်(အဖြူရောင်သွေးသစ်)နှင့် ထွန်းနိုင်ဦး (STL) တို့ပွဲတွင် လေးချီမြောက်တွင် ရဲတံခွန် ဘယ်ဒူးတိုက်ချက်ကို အမှတ် မထင်ခံလိုက်ရသော ထွန်းနိုင်ဦး ဘယ်လိုမှပြန်မထနိုင်ဖြစ်ခဲ့ ရာ နောက်ဆုံးဖိုင်နယ် ရွှေခါးပတ်လုပွဲတွင် တစ်ကြိမ်တစ်ခါမှ ယှဉ်ပြိုင်ထိုးသတ်ဖူးခြင်း မရှိသေးသော သွေးသစ်ဝင်းလှိုင် နှင့် ရဲတံခွန်တို့ ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်ကြရတော့မည် ဖြစ်သည်။
ရွှေခါးပတ်ချန်ပီယံ ၂ဝ၁၆ နောက်ဆုံးဖိုင်နယ် ရွှေခါးပတ် လုပွဲများကို ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ဇူလိုင် ၁ဝ ရက် မွန်းလွဲ ၂နာရီတွင် နောက်ဆုံးနေ့အဖြစ် ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်ရာ ယင်းနေ့တွင် ပြည်ပအထူးစိန်ခေါ်ပွဲ တစ်ပွဲလည်း ပါဝင်မည်ဖြစ်ရာ လက်ဝှေ့ပွဲကြိုက်မောင်များ ကြည့်ရှုနိုင်ပါကြောင်း . . . ။
No comments:
Post a Comment