Sunday, July 3, 2016

ညောင်ရွှေမြို့ရှိ ဟော်နန်းအား ပြန်လည်ပြုပြင်၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ပညာရှင်များလာရောက်လေ့လာ


The Mirror Daily's photo.
နေပြည်တော် ဇူလိုင် ၂
ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသော မြန်မာ နိုင်ငံတွင် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းဖြင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ညောင်ရွှေနှင့် အင်းလေးဒေသ များကို ခရီးစဉ်ဒေသများအဖြစ် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့ရာ ယနေ့ကမ္ဘာတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ရွှေတိဂုံစေတီတော်၊ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးနှင့် ပုဂံရှိ ဘုရားပုထိုးစေတီများသည် ကမ္ဘာ့နိုင်ငံအသီးသီး မှ စိတ်အဝင်စားဆုံးဖြစ်လာကြပြီး ယခုနောက်ပိုင်းတွင် ရှမ်းပြည်နယ် ညောင်ရွှေ၊ အင်းလေးဒေသများသို့လည်း ကမ္ဘာလှည့်ခရီးသည်များ မသွားမဖြစ်သွားရောက်လေ့လာ လည်ပတ်လျက်ရှိသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ ဟော်နန်းအား အနုပညာဦးစီးဌာနမှ ဗုဒ္ဓပြတိုက်အဖြစ် ဖွင့်လှစ်ထားလျက်ရှိရာ အဆိုပါဟော်နန်းအား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက် လေ့လာနိုင်ရန်နှင့် ပျက်စီးယိုယွင်းနေသောအပိုင်းများ စနစ်တကျရှေးမူမပျက် ပြန်လည်ပြုပြင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုချက်ရယူကာ ပြင်သစ် နိုင်ငံသားပညာရှင် မစ္စတာ ခရစ်စတိုဖာဂရင်း(Mr. Christoper Green) နှင့်အဖွဲ့သည် ဇွန် ၃ဝ ရက် နံနက်ပိုင်းတွင် ကနဦး လာရောက်ကြည့်ရှုမှတ်တမ်းတင် လေ့လာခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအဖွဲ့အား ရှမ်းပြည်နယ် အင်းသားတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ကြိုဆိုပြီး ဟော်နန်းနှင့် ပတ်သက်သော အချက်အလက်များကို ရှေးဟောင်း သုတေသနဦးစီးဌာန တာဝန်ခံက ရှင်းလင်းပြောကြားခဲ့ သည်။ ¤င်းအဖွဲ့သည် ညနေပိုင်းတွင် ညောင်ရွှေမြို့ရှိ စော်ဘွားကြီးများ၏ အုတ်ဂူသင်္ချိုင်းအား ကြည့်ရှု၍ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွား ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment