Sunday, July 3, 2016

အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဘတ်စကက်ဘောပြိုင်ပွဲကျင်းပ




The Mirror Daily's photo.


ရန်ကုန် ဇူလိုင် ၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၂ဝ၁၆ ခုနှစ် ရန်ကုန်အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသား/အမျိုးသမီး(အလွတ် တန်း)ဘတ်စကက်ဘောပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက အောင်ဆန်းမိုးလုံလေလုံအားကစားရုံ၌ စတင်ကျင်းပ ခဲ့သည်။

ပြိုင်ပွဲတွင် အမျိုးသား(အလွတ်တန်း)မှ အုပ်စု လေးအုပ်စုနှင့် အမျိုးသမီး(အလွတ်တန်း)မှ အုပ်စု နှစ် အုပ်စု ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကို ဇူလိုင် ၂ ရက်မှ ၆ ရက်အထိ နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများကို ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။ ဆုများကို ဇူလိုင် ၈ ရက် ညနေ ဗိုလ်လုပွဲစဉ်အပြီးတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲမင်းထွန်း(ပြန်/ဆက်)

No comments:

Post a Comment