
ရန်ကုန် ဇူလိုင် ၂
လမ်းမတော်မြို့နယ်အတွင်း ပြည်သူ များ အမှိုက်စွန့်ပစ်မှု လွယ်ကူစေရန် မြို့နယ်သန့်ရှင်းရေးတာဝန်ခံရုံးမှ ကြိုးစားဆောင်ရွက်နေသည့် အနေ ဖြင့် စမ်းသပ်လုပ်ဆောင်ချက်အတွက် အသိပေးစာတစ်စောင်ကို လမ်းမ တော်မြို့နယ် (၃)ရပ်ကွက် ကိုင်းတန်း လမ်းအတွင်းနေ ပြည်သူများအား ဇူလိုင် ၁ရက်တွင် ပေးဝေမှုရှိသည်ဟု ယင်းလမ်းအတွင်း နေထိုင်သူတစ်ဦး က ဆိုသည်။
မြို့နယ်အတွင်း ခေါင်းလောင်းတီးအမှိုက်သိမ်းစနစ်ဖြင့် ဆောင်ရွက် ရာတွင် ယာဉ်ကြောကျပ်တည်းခြင်း၊ အချိန်မလုံလောက်ခြင်း၊ ခေါင်း လောင်းတီး လှည်း၊ ယာဉ် မမီလိုက် သဖြင့် အချို့ပြည်သူများ အခက်အခဲ များ ကြုံတွေ့နေရသဖြင့် ကမ်းနား လမ်းနှင့် အနော်ရထာလမ်းကြား ကိုင်းတန်းလမ်းရှိ ပြည်သူများက မီးဖိုချောင်ထွက် အမှိုက်ထုပ်များအား အိတ်ဖြင့် လုံခြုံစွာ စည်းနှောင်ပြီး နေ့စဉ် ညနေ ၆ နာရီခွဲမှ ၇နာရီခွဲ အတွင်း တိုက်များရှေ့တွင် ချထား ပေးပါရန်၊ ယင်းအမှိုက် ထုပ်များအား နေ့စဉ်သန့်ရှင်းရေး ဝန်ထမ်းက လှည်း၊ ယာဉ်ဖြင့် ၇နာရီခွဲ၊ ၈နာရီခွဲ အတွင်း အပြီးသိမ်းပေးပါမည်။
သတ်မှတ်ချိန် မစွန့်ပစ်လိုက်ရသော ပြည်သူများအနေဖြင့် လမ်းထိပ်ရှိ ပုံးများတွင် စွန့်ပစ်ပေးရန်ဟု အဆိုပါ အသိပေးစာတွင် ပါရှိသည်။
သန့်ရှင်းရေးမြို့နယ်တာဝန်ခံ၏ ဖုန်း နံပါတ်များပါ ပူးတွဲဖော်ပြထားသည့် ယင်းသို့ စမ်းသပ်လုပ်ဆောင်မှုကို ရှုထောင့်အမျိုးမျိုးမှ ဝေဖန်သုံးသပ် ပြောဆိုမှုများရှိနေသည်။အမှိုက်လှည်း ယာဉ်၊ အမှိုက်ပုံးများသို့ တိုက်ရိုက် စွန့်ပစ်လေ့ရှိရာမှ ညနေပိုင်း တိုက် များရှေ့တွင် အမှိုက်ထုပ်များချထား၊ ပုံထားခြင်းများသည်မြင်ကွင်းအားဖြင့် အကျည်းတန်ပြီး လမ်းသွားလမ်းလာ များအတွက် အဆင်မပြေဖြစ်စေနိုင် သည်။ လမ်းသွယ်အများစုတွင် ခွေးလေခွေးလွင့် များပြားနေဆဲဖြစ်ရာ ယင်းတိုက်ရှေ့ရှိ အမှိုက်ထုပ်များ ပြန့်ကျဲမှုများရှိလာနိုင်သည်။ မီးဖို ချောင်ထွက်ပစ္စည်းဖြစ်၍ ခွေးစာ၊ ကြောင်စာများပါရှိနိုင်ရာ အဆိုပါ အချိန်ပိုင်းအတွင်း စောင့်ကြည့် ထိန်းသိမ်းနိုင်မှုမရှိနိုင်ပါ။
လမ်းသွယ်တိုင်းရှိ လမ်းထိပ်များ တွင် အဖုံးပါရွေ့လျားဘီးတပ်အမှိုက် ပုံးကြီးများ ချထားသည်။ စားသောက် ဆိုင်များရှိတတ်သော နေရာများတွင် ပုံးကြီးသုံးပုံးဝန်းကျင်ထိ ရှိသည်။ မီးဖို ချောင်သုံး စွန့်ပစ်အမှိုက်များသာ ထည့်ရန်ဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းများမှထွက်ရှိသော အမှိုက် များ (အထူးသဖြင့် ဝန်ပွများ)ပါ လွယ် လင့်တကူ စွန့်ပစ်နေ၍ ကားလမ်းမ တန်းရှိ ပုံးကြီးများမှာ တစ်ရက်လျှင် နှစ်ကြိမ် သိမ်းဆည်းသော်လည်း ပြည့် နေရုံသာမက အပြင်သို့ပါ လျှံထွက် နေသည်ကို မြင်ရသည်ဟု (၄)ရပ်ကွက် နေ ကိုသန့်စင်က ဆိုသည်။
စီးပွားရေးလုပ်ငန်းမှ ထွက်ရှိသော အမှိုက်များကို မိမိအစီအစဉ်ဖြင့် မြို့နယ်အမှိုက်သိမ်းယာဉ် စုရပ်များရှိ အမှိုက်ကန်များသို့ စွန့်ပစ်ရန်ရှိ သော်လည်း လွယ်လင့်တကူ လမ်းထိပ် များရှိ အများပြည်သူသုံးအမှိုက်ပုံးများ နှင့် အမှိုက်လှည်းများတွင် စွန့်ပစ်နေ သည်ဟု သန့်ရှင်းရေးလုပ်ငန်းများ ကြီးကြပ်လုပ်ဆောင်နေသူ ကိုဝင်းက ဆိုသည်။
သို့ဖြစ်ရာ ယခုစမ်းသပ်ဆောင်ရွက် မည်ဆိုသော ညနေပိုင်းမိမိတိုက်ရှေ့ အမှိုက်ထုပ်ချထားရန် ဆိုသည်မှာ လုပ်ဆောင်ရန် မသင့်ပါ။ စွန့်ပစ်ချိန် တစ်နာရီ၊ လာရောက်သိမ်းဆည်းသည့် ယာဉ်ကတစ်နာရီ၊ စုစုပေါင်း အမှိုက် ထုပ်များ တိုက်ရှေ့တွင်ရှိမည့်အချိန် မှာ တစ်နာရီဝန်းကျင်ရှိနိုင်သည်။ အမှိုက်လှည်း၊ ယာဉ်များအနေဖြင့် လမ်းအတွင်း ဝင်ရောက်လာချိန် မတိုင်မီ ခေါင်းလောင်းတီး အချက် ပေးမည့် ဝန်ထမ်းသည် ၁၅ မိနစ် ဝန်းကျင် ကြိုအချက်ပေးလျှင် အဆင် ပြေနိုင်သည်ဟု (၅)ရပ်ကွက် (၁၂)လမ်း နေ ကိုပုက အကြံပြုပြောဆို သည်။
လမ်းများပေါ်တွင် လွယ်လင့်တကူ အမှိုက်ထုပ်များချထားသည့် ဖြစ်စဉ် များ စောင့်ကြည့်ကင်မရာတပ်ထား သော လမ်းမတော်မြို့နယ်အတွင်းရှိ လမ်းသွယ်အချို့၏ ကင်မရာ မှတ်တမ်းများတွင် မျက်မြင်သက်သေ အဖြစ် မြင်တွေ့ရသည်။ သို့သော် တစ်ပြေးညီ အရေးယူမှုအားနည်း၍ မြင်တွေ့နေရဆဲဖြစ်သည်။ လမ်းသွယ် များတွင် အမှိုက်ထုပ်များ၊ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်မှုများ ရှိနေဆဲ မြင်တွေ့ရသည်။
ဇွန်လအတွင်း နံနက် ၅ နာရီ ဝန်းကျင် အမှိုက်ပုံးများမှ အမှိုက် များကို အလိုအလျောက်အမှိုက်သိမ်း ယာဉ်ဖြင့် သိမ်းဆည်းရာတွင် (၁၁) လမ်းထိပ်နှင့် ဘုန်းကြီးလမ်းထိပ်ရှိ အမှိုက်ပုံးများ စနစ်တကျ မထား ရှိခြင်း၊ ယင်းအနီးဝန်းကျင်တွင် အမှိုက်များ ပြန့်ကျဲလျက်ရှိနေသော် လည်း သိမ်းဆည်းမှုမရှိဘဲ မြင်တွေ့ရ သည်ဟု မဟာဗန္ဓုလလမ်းနေ ကိုထွဋ်က ဆိုသည်။
မောင်စေအောင်
No comments:
Post a Comment