Tuesday, July 5, 2016

ရန်ကုန်ဘူတာကြီး ရထားရဲစခန်း(ရန်ကုန်)နှင့် အမှတ်(၃) တပ်ဖွဲ့ခွဲမှူးရုံးတို့အား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ကြည့်ရှုစစ်ဆေး

The Mirror Daily's photo.
ရန်ကုန် ဇူလိုင် ၎
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေသည် ဇူလိုင် ၂ ရက်က ရန်ကုန် ဘူတာကြီး စခန်းသာအစည်းအဝေးခန်းမသို့ရောက်ရှိရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရထားရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် နေဝင်းက ရထားရဲတပ်ဖွဲ့သမိုင်းနှင့် ရထားရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)၏ လုံခြုံရေးဆောင်ရွက်မှု တပ်ဖြန့်ခွဲမှုတို့အား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ဘူတာကြီး ရန်ကုန်ရထားရဲစခန်းနှင့် အမှတ်(၃) တပ်ဖွဲ့ခွဲမှူးရုံးတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment