Tuesday, July 5, 2016

တရုတ်သမ္မတဟောင်း ဟူကျင်တောင်၏ထိပ်တန်းလက်ထောက်ဟောင်း ခြစားမှုကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်

The Mirror Daily's photo.
ပေကျင်း ဇူလိုင် ၎
တရုတ်သမ္မတဟောင်း ဟူကျင်တောင်၏ တစ်ချိန်ကထိပ်တန်းလက်ထောက် တစ်ဦးဖြစ်ခဲ့ဖူးသူအား တံစိုးလက်ဆောင်များလက်ခံမှု၊ နိုင်ငံတော်လျှို့ဝှက် ချက်များ တရားမဝင်ရယူမှုနှင့် အာဏာအလွဲသုံးစားမှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ရေးသားဖော်ပြသည်။
သံသယဖြစ်ဖွယ်ရာ စည်းကမ်းချိုးဖောက်မှုများကြောင့် လင်ကျိဟွာအပေါ် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ကြောင်း တရုတ်ကွန်မြူနစ် ပါတီက ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကြေညာခဲ့သည်။ တရုတ်နိုင်ငံတွင် ၂ဝ၁၇ ခုနှစ် မတိုင်မီ အာဏာရပါတီ၏ ထိပ်တန်းအဆင့်မြင့်တာဝန်ရှိသူ အပြောင်းအလဲမပြုလုပ်မီ အာဏာဆက်လက်ခိုင်မြဲစေရန်နှင့် ယခင်သမ္မတများ၏ သြဇာလွှမ်းမိုးမှုများ တွန်းလှန်ဖယ်ရှားနေသည်ဟု ဝေဖန်ခံနေရသူ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းတွင် လင်မှာ အရေးပါသောပစ်မှတ် များအနက် တစ်ဦးဖြစ်ခဲ့သည်။
ဆင်ဟွာသတင်းဌာန၏အဆိုအရ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ညီလာခံ၏ ဒုတိယဥက္ကဋ္ဌဟောင်း လင်ကအပြစ်ရှိကြောင်း ထွက်ဆိုခဲ့ပြီး တီယန်ကျင်း ပြည်သူ့တရားရုံး၏ဆုံးဖြတ်ချက်ကို အယူခံမဝင်ရန် ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။ လင်မှာ ၂ဝဝ၇ ခုနှစ်တွင် ကွန်မြူနစ်ပါတီ၏ သြဇာ ကြီးမားသော အထွေထွေအုပ်ချုပ်ရေးရုံးညွှန်ကြားရေးမှူးရာထူး ရယူပြီးနောက် တရုတ်သမ္မတဟောင်း ဟူကျင်တောင်၏ အဓိကလက်ထောက်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
လင်ကို တစ်ချိန်က ပါတီခေါင်းဆောင်ပိုင်းအထိ လျာထားခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်က ပေကျင်းမြို့တော်တွင်ဖြစ်ပွားခဲ့သော မြန်နှုန်းမြင့် ဖာရာရီကားတိုက်မှုတစ်ခုအတွင်း သားဖြစ်သူသေဆုံးခဲ့မှုကို ပြည်သူ့လုံခြုံရေး အာဏာပိုင်ဟောင်း ကျိုယောင်ကန်၏အကူအညီဖြင့် သံသယဖြစ်ဖွယ်ဖုံးဖိ ခဲ့မှုကြောင့် ၄င်းမှာ သြဇာကြီးမားသောရာထူးနေရာမှ ရာထူးအဆင့်လျှော့ချ ခံခဲ့ရသည်။
ကျိုဒိုနယူးစ်။

No comments:

Post a Comment