ကွီရန် ဇူလိုင် ၂
သောကြာနေ့က တရုတ်နိုင်ငံတောင်ပိုင်း ကွီကျိုးပြည်နယ်ရှိ
ကျေးရွာတစ်ရွာ၌ ပမာဏအနည်းငယ်ကြီးမားသည့် မြေပြိုမှုကြောင့် လူ ၁၁ ဦး
သေဆုံးပြီး ၁၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နံနက် ၅ နာရီခွဲအချိန်ခန့်က တောင်ကုန်း မြေပြိုကျပြီး လူ ၃ဝ ခန့် မြေစိုင်မြေခဲများအောက် နစ်မြုပ်ခဲ့ရသည်။ မြေပြိုမှုသည် သောကြာနေ့က ဘီကျီမြို့တော် ဒါဖန်းစီရင်စုရှိ ပီယန်ပိုကျေးရွာ၌ ဖြစ်ပွားခဲ့ပြီး လူခုနစ်ဦးကို မြေစိုင်မြေခဲများအောက်မှ ဆွဲထုတ်ခဲ့ရပြီး ၁၁ ဦးမှာ အခင်းဖြစ်ပွားသည့် နေရာ၌ပင် သေဆုံးခဲ့ကြောင်း ကျေးရွာအကြီးအကဲက ပြောပြခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးအင်အားစုများနှင့် တပ်ဖွဲ့ဝင်များက ပျောက်ဆုံးနေသည့် လူ ၁၂ ဦးကို စက်ယ္တရားများအသုံးပြုကာ အပူတပြင်း ရှာဖွေဖော်ထုတ်လျှက်ရှိသည်။
ဇွန် ၂၇ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မုန်တိုင်းဝင်ရောက် မှုများကြောင့် တရုတ်နိုင်ငံတောင်ပိုင်းတစ်ခွင်တွင် ထိခိုက်ဆုံးရှုံးမှုများစွာရှိခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် သေဆုံးသူ ၃၄ ဦးရှိခဲ့ပြီး ပျောက်ဆုံးကျန်ရစ်သူများ ရှိနေသေး ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

(ဆင်ဟွာ)

No comments:
Post a Comment