Sunday, July 3, 2016

ဒါကာရှိ စားသောက်ဆိုင်၌ ဖမ်းဆီးခံဓားစာခံ ၂ဝ အနက် ၁၃ ဦးကို ကယ်ဆယ်နိုင်ခဲ့

Myanmaalinn's photo.
ဒါကာ ဇူလိုင် ၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၌ နိုင်ငံခြားသားများအကြား ရေပန်းစားသည့် စပိန်စားသောက်ဆိုင်တွင် ဘာသာရေး အစွန်းရောက်များဟု ယူဆရသော သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ပြီး ဓားစာခံ ၂ဝ ထက်မနည်း ဖမ်းဆီးထားရာ စနေနေ့က အဆိုပါအဆောက်အအုံ၌ ရဲတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဓားစာခံ ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။
အပြန်အလှန်ပစ်ခတ်နေကြစဉ် သေနတ်သမားခြောက်ဦးသေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ရုပ်မြင်သံကြားအစီအစဉ်၌ ပြောကြားသည်။ ဓားစာခံများအားလုံးကို ကယ်ဆယ်နိုင်ရေး ကြိုးပမ်းခဲ့သော်လည်း ၁၃ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ကြောင်း၎င်းက ပြောကြားခဲ့သည်။
ဓားစာခံများမှာ မည်သည့်နိုင်ငံသားများဖြစ်သည်ဟု အလုံးစုံပြောကြားခြင်းမရှိသေးပေ။ ဓားစာခံတစ်ဦးမှာ ဂျပန်လူမျိုး ဖြစ်ပြီး သေနတ်ဒဏ်ရာရရှိထားသဖြင့် ¤င်းအားကယ်ဆယ်ပြီးနောက် ဒါကာရှိဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

(ရိုက်တာ)

No comments:

Post a Comment