အိုဆာကာ ဇူလိုင် ၂
မက္ကဆီကိုနိုင်ငံတောင်ပိုင်း အိုဆာကာပြည်နယ်အတွင်းရှိ
ဆန္ဒပြကျောင်းဆရာများ၏ ဝန်းရံပိတ်ဆို့ထားမှုကြောင့် အစား
အသောက်ခက်ခဲနေသည့်နေရာများသို့ စားနပ်ရိက္ခာပို့ဆောင် ရန်
မက္ကဆီကိုလေတပ်အဖွဲ့က အစားအသောက်တန်ချိန် ပေါင်းများစွာကို
လေကြောင်းဖြင့် တင်ဆောင်လာခဲ့သည်။
ကောက်ပဲသီးနှံတန်ချိန် ၁ဝ၈ ခန့်ကို စနေနေ့က တင်ဆောင်လာကြောင်း အာဏာပိုင်များက ပြောသည်။ အကဲဖြတ်စစ်ဆေးမှုစာမေးပွဲများကို မအောင်မြင်သည့် ဆရာများအား ဖယ်ရှားပစ်မည့် ဖက်ဒရယ်အာဏာပိုင်များ၏ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ဆန္ဒပြနေကြ ခြင်းဖြစ်ကြောင်း သိရသည်။
အိုဆာကာ၌ အဆိုပါပဋိပက္ခကြောင့် ဆန္ဒပြသူများနှင့် ရဲများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့်လက လူရှစ်ဦးသေဆုံးခဲ့သည်။
အစွန်းရောက် နိုင်ငံရေးလှုပ်ရှားမှုသမိုင်းကြောင်းရှိခဲ့ သည့် CNTE စုပေါင်းအဖွဲ့က အိုဆာကာရှိ လမ်းများနှင့် အခြားနေရာများကို ဇွန်လအစောပိုင်းကတည်းကစတင်ကာယခုတိုင်ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။

(ဘီဘီစီ)

No comments:
Post a Comment