မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ကမ္ဘာလှည့်ခရီးသွား ၅ ဒသမ ၅ သန်း ဝင်ရောက်လာနိုင်ရန် မျှော်မှန်းထားသည်။ ယမန်နှစ်ကမူ နယ်စပ်ဂိတ်များ နှင့်အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်များမှ ခရီးသွားဧည့်သည် ၄ ဒသမ ၆၈ သန်း ဝင်ရောက်ခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။
မိမိတို့နိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေး ဖြစ်ပေါ်တိုးတက်မှုများအရ ကမ္ဘာလှည့်ခရီးသွားများ၊ နိုင်ငံတကာမှ လာရောက်ကြမည့်သူများ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာမည်မှာ သေချာမှုတစ်ခုပင်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဂျီဒီပီ၏ ၄ ရာခိုင်နှုန်းကျော်သည် ခရီးသွားကဏ္ဍမှ ဝင်ငွေ များဖြစ်ရာ အမေရိကန်ဒေါ်လာအားဖြင့် ၂ ဒသမ ၁ ဘီလီယံဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး ခရီးသွားကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်လာလိမ့်မည်ဟုလည်း ဆိုခဲ့သည်။ မြန်မာနိုင်ငံသို့ က္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ကို မျှော်မှန်းကာ နိုင်ငံတကာလေကြောင်းလိုင်းများကလည်း မြန်မာနိုင်ငံသို့ ခရီးစဉ်တစ်ရပ်အဖြစ် တိုးချဲ့ပြေးဆွဲပျံသန်းလာကြသည်။
မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ထွက်သွားလာကြသော နိုင်ငံခြားသားများနှင့် ပတ်သက်၍ နိုင်ငံတော်၏လုံခြုံရေးကို ထိပါးမှု မရှိစေရေး၊ တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေး နှင့် စိစစ်ကြီးကြပ်မှုပေးနိုင်ရေးတို့အတွက် နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ (၆) ရပ်တို့ကို ဖွဲ့စည်းကာ ဆောင်ရွက်ရမည့် တာဝန်များကို ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။
''တစ်ဖက်တွင် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရမည်ဖြစ်ပြီး တစ်ဖက် တွင်လုံခြုံရေးကို အထူးဂရုပြုရမည်ဖြစ်ကြောင်း၊ ဗီဇာဖြင့် ဝင်ရောက်မှုများ အပြင်Black list များကို သေချာစွာ စိစစ်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားများ၏ လုံခြုံရေးနှင့် လိုအပ်ချက်များကို တရားဥပဒေနှင့် အညီ ကာကွယ်စောင့်ရှောက်ပေးကြရမည်ဖြစ်ပြီး နှောင့်ယှက်ဖျက်ဆီး လိုသူများကို စေ့စပ်သေချာစွာ စိစစ်ကြရမည်ဖြစ်ကြောင်း '' ဒုတိယ သမ္မတ ဦးမြင့်ဆွေက နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေးဗဟို ကော်မတီအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နှစ်စဉ် မိမိတို့နိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများသို့ က္ဘာ လှည့်ခရီးသည် သန်း ၅ဝ ကျော် လာရောက်လည်ပတ်လျက်ရှိရာတွင် ခရီးသွားလုပ်ငန်းကြောင့် နိုင်ငံများအတွက် ဝင်ငွေများ တိုးတက်ရရှိစေ သကဲ့သို့ ပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့ရသည်။ ခရီးသွား လုပ်ငန်းသည် ရေရှည်ဆောင်ရွက်သွားရမည့်လုပ်ငန်း ဖြစ်သည့်အလျောက် လူကုန်ကူးမှု၊ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကဲ့သို့သော ရာဇဝတ်မှုများ မဖြစ်ပွားစေရေးအပြင် နိုင်ငံ့လုံခြုံရေးအတွက်ပါ ကြိုတင်ကာကွယ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ က္ဘာလှည့်ခရီးသွား လုပ်ငန်းတွင် ပါဝင်ရသူများဖြစ်သည့် ဟိုတယ်ဝန်ထမ်းများ၊ ဧည့်လမ်း ညွှန်များ၊ ယာဉ်မောင်းများ၊ လေဆိပ်ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများ၊ အကောက်ခွန်ဝန်ထမ်းများအား အသိပညာပေးမှုများ ပိုမိုပြုလုပ်ပေးထားရန်နှင့် မပြတ်နှိုးဆော်မှုများပြုထားရန် လိုအပ်မည်ဖြစ် သည်။
မကြာသေးမီ ရက်ပိုင်းအတွင်းက မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေး ဇုန်တွင် စစ်ဆေးရေးဂိတ်ရှေ့မှ ခြေကျင်ဖြတ်လျှောက်ကာ ပုံမှားရိုက်ဝင် လာသည့် နိုင်ငံခြားသားတစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်း များက သတိပြုတွေ့ရှိခဲ့သဖြင့် ¤င်း၏နောက်မှ လိုက်လံစုံစမ်းစစ်ဆေး ကာ တရားမဝင် ဝင်ရောက်လာသူဖြစ်ကြောင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် တရားမဝင် ဝင်ရောက်ခဲ့သူ နိုင်ငံခြားသားအား စစ်ဆေး မှုမှရှောင်လွှဲနိုင်ရန် ကူညီခဲ့သူ ယာဉ်မောင်းကိုလည်း အရေးယူခဲ့သည်။
မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားများမှာ ၏ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာရန် ၊ တောတောင်ရေမြေသဘာဝ အလှအပများကို ကြည့်ရှုခံစားရန်၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုထုံး ဓလေ့တို့ကို လေ့လာရန် လာရောက်ကြသူများက အများစုဖြစ်နိုင်သကဲ့သို့ အခြားသော အကြောင်းအမျိုးမျိုးနှင့်အတူ နိုင်ငံ၏လုံခြုံရေးကို နှောင့် ယှက်ဖျက်ဆီးလိုသူများ ပုံစံအမျိုးမျိုး၊ နည်းအမျိုးမျိုးဖြင့် ဝင်ရောက် မလာနိုင်စေရေးအတွက် သတိတရားဖြင့် ကြိုတင်ကာကွယ်တားဆီးသွား ကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment