Tuesday, July 5, 2016

မကွေးတိုင်းဒေသကြီး မကွေး-နတ်မောက်ကားလမ်းပေါ်ရှိ သစ်ပင်အိုအခြောက်များ ခုတ်လှဲပေးရန်လိုအပ်

 
 
 
ထင် သာ မြင် သာ ပြု ပြင် စ ရာ


မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် မကွေး-နတ်မောက်ကားလမ်းပေါ်ရှိ သစ်ပင်အို အခြောက်များသည် ယခုအခါ နှစ်ကာလကြာမြင့်မှုကြောင့် ဆွေးမြည့်နေပြီး ခုတ်လှဲ ပေးရန်လိုအပ်လျက်ရှိကြောင်း ခရီးသွားပြည်သူများ၏ပြောဆိုသံများ ကြားသိနေရ သည်။ မကွေး-နတ်မောက်ကားလမ်းတွင် နေ့စဉ် ကုန်တင်ကားများ၊ လူစီးယာဉ်များ၊ အဝေးပြေးယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိပြီး လမ်းပိုင်းအား ပြုပြင်ချဲ့ထွင် ပေးလျက်ရှိသော်လည်း ကားလမ်းဘေးတွင်ရှိသော သစ်ပင်အိုများမှာ လမ်းပေါ်သို့ အုပ်မိုးလျက်ရှိပြီး ခရီးသွားပြည်သူများအတွက် အန္တရာယ်ကျရောက်နိုင်သဖြင့် ခုတ်ထွင်ရှင်းလင်းပေးရန်လိုအပ်လျက်ရှိကြောင်း သိရသည်။
ဖိုးပြည့်(မင်းဘူး)

No comments:

Post a Comment