Monday, July 4, 2016

ညသန်းခေါင်အချိန် ဘဂ္ဂဒက်၌ ဗုံးခွဲတိုက်ခိုက်ခံရ ၈၂ ဦးသေဆုံး



 
 
 
 
ဘဂ္ဂဒက် ဇူလိုင် ၃

စနေနေ့ည သန်းခေါင်ယံအချိန်က ဘဂ္ဂဒက်၌ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် လူ ၈၂ ဦးထက်မနည်း သေဆုံးပြီး လူ ၂ဝဝ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လူသူ ရှုပ်ထွေးများပြားသည့် ဈေးဝယ်စင်တာ ဧရိယာတစ်ဝိုက်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် ပြည်သူအများ ရာမာဒန်ပွဲတော် ဆင်နွှဲ နေကြသည်ဟု ရဲတပ်ဖွဲ့နှင့်ဆေးဘက် ဆိုင်ရာသတင်းရင်းမြစ်များက တနင်္ဂနွေ နေ့တွင် ပြောကြားခဲ့သည်။
ပေါက်ကွဲပစ္စည်းများ ပါဝင် သည့် ကုန်တင်ယာဉ်တစ်စီး ကာရန်ဒါ ၌ ပေါက်ကွဲခဲ့ရာ လူ ၈ဝ နေရာ၌ပင် သေဆုံးခဲ့သည်။

အစွန်းရောက်ဆွန်နီ အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ကို ထောက်ခံ သူများက အွန်လိုင်းတွင် ဖော်ပြထားမှု အရ ဗုံးခွဲတိုက်ခိုက်မှုသည် အိုင်အက်စ် စစ်သွေးကြွများ၏ လက်ချက်ဟု သိရ သည်။
ရိုက်တာသတင်းဌာန၏ နံနက်ခင်း သတင်းထုတ်လွှင့်မှုတွင် ပေါက်ကွဲမှု ကြောင့် အဆောက်အအုံလေးခု ဆိုးရွား စွာပျက်စီးခဲ့သည်။
လာမည့် သီတင်းပတ်၌ ကုန်ဆုံး တော့မည့် ရာမာဒန်ဥပုသ်ကာလ အတွင်း ထိုသို့ဖြစ်ပွားခဲ့သည့်အတွက် ကာရန်ဒါ၌ အုတ်အော်သောင်းတင်း ဖြစ်ပွားလျက်ရှိသည်။
(ရိုက်တာ)


No comments:

Post a Comment