
ဒိုက်ဦး ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁ ရက် နံနက်က ဒိုက်ဦးမြို့နယ် ကျိုက်စကော ရဲဘက်စခန်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုက်စကော ရဲဘက်စခန်း တာဝန်ခံအရာရှိရုံးခန်း၌ စခန်းတာဝန်ခံ ဦးစီးအရာရှိဦးစိုးမြင့်က ပြစ်ဒဏ်ကျခံနေရသူများ၏အခြေအနေ၊ နေထိုင် စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အဖွဲ့သည် ပြစ်ဒဏ်ကျခံနေသူများ၏ အဆောင်များနှင့် စားဖိုဆောင်တို့အား လှည့်လည်ကြည့်ရှု၍ နေရာထိုင်ခင်းသက်သာချောင်ချိမှုရှိ၊ မရှိ၊ ကျန်းမာ ရေးမကောင်းပါက ဆေးကုသနိုင်ရန် အခွင့်အရေး ခံစားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်(IPRD)
No comments:
Post a Comment