
ပေကျင်း ဇူလိုင် ၎
တရုတ်နိုင်ငံသည် ၄င်း၏ရေပိုင်နက်အငြင်းပွားမှုဆိုင်ရာ ပြဿနာရပ်များကို စိန်ခေါ်လာသည့် နိုင်ငံတကာအစည်းအဝေးဆုံးဖြတ်မှုမစတင်မီ တောင်တရုတ် ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမည်ဟု သိရသည်။
ပါရာဆယ်ကျွန်းစုအနီးတစ်ဝိုက်ရှိ ရေပိုင်နက်တွင် လေ့ကျင့်မည်ဖြစ်ကြောင်း ရေကြောင်း လုံခြုံရေး စီမံခန့်ခွဲမှုအဖွဲ့က ပြောသည်။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနှင့်ထိုင်ဝမ်တို့က ပင်လယ်ရေပိုင်နက်အတွင်း ခြေချင်းလိမ်နေသော်လည်း တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်လျက်ရှိ သည်။
ရေပိုင်နက်အငြင်းပွားမှုဆိုင်ရာ တင်းမာမှုများသည် ပိုမိုပြင်းထန်လာလျက်ရှိပြီး အာဏာပိုင်များ၏ တောင်တရုတ်ပင်လယ်အရေး သဘောထား ထုတ်ပြန်ချက်မှာ လာမည့်သီတင်းပတ်၌ ပေါ်ထွက်လာမည်ဟု ခန့်မှန်းထားသည်။
နယ်သာလန်ရှိ ဟာဂရူးအခြေစိုက် ခုံသမာဓိရုံးကတရုတ်နိုင်ငံ၏ မဟာဗျူဟာကျပြီး သယံဇာတအရင်းအမြစ်ကြွယ်ဝသည့်ရေပိုင်နက် ကျူးကျော် ရန်စလာမှုကို ဇူလိုင် ၁၂ ရက်တွင် ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
(ဘီဘီစီ)
No comments:
Post a Comment