ပေကျင်း ဇူလိုင် ၎
တရုတ်နိုင်ငံတွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၈ဝ
အကုန်အကျခံတည်ဆောက်လျက်ရှိသည့်
ရေဒီယိုတယ်လီစကုပ်အစီအစဉ်ပြီးဆုံးတော့မည်ဖြစ်ရာ အာကာသပြင်ပရှိ
သက်ရှိအရာဝတ္ထုများကို စောင့်ကြည့်နိုင်တော့မည်ဖြစ်ကြောင်း
နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ပြောကြားခဲ့သည်။
အဆိုပါ
က္ဘာ့အကြီးဆုံးရေဒီယိုတယ်လီစကုပ်တည်ဆောက်မှု၏ နောက်ဆုံးအပိုင်းပြီးစီးတော့မည် ဖြစ်၍ စက်တင်ဘာလ၌ ထိန်းချုပ်မှုများကိုစတင်ဆောင်ရွက်သွားမည်ဟု သိရသည်။ မီတာ ၅ဝဝ အကျယ်ရှိပြီး အလင်းပေါက်နိုင်စွမ်းရှိသည့် စက်ဝန်းပုံသ္ဌာန်တယ်လီစကုပ်ကြီးသည် ဘောလုံး ကွင်းပေါင်း ၃ဝ စာ အရွယ်ပမာဏရှိသည်။ တရုတ်အာကာသအစီအစဉ်မြှင့်တင်မှုသည် တရုတ်နိုင်ငံ၏ဦးစားပေးကဏ္ဍအဖြစ် ဆောင်ရွက်ရမည့် အစီအစဉ်ဖြစ်ကြောင်းဆိုသည်။
(ရိုက်တာ)

No comments:
Post a Comment