ငြိမ်းချမ်းသည့်လူ့ကမ္ဘာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏မြို့တော် ဒါကာတွင်ဖြစ်ပွားခဲ့သည့် စားသောက် ဆိုင်ကို
တိုက်ခိုက်စီးနင်းပြီး ဓားစာခံများဖမ်းဆီးမှုမှာ လူအသေအပျောက် များနှင့်အတူ
၂၄ နာရီအတွင်း နိဂုံးချုပ်သွားခဲ့ပြီဖြစ်သည်။
သောကြာနေ့ည ၉ နာရီခန့်က စတင်ကာ စနေနေ့နံနက် ၉ နာရီခန့် တွင် အဆုံးသတ်ခဲ့သော အဆိုပါအကြမ်းဖက်မှုတွင် ဓားစာခံ ၁၄ ဦးထက် မနည်းကို ပြန်လည်ကယ်တင်နိုင်ခဲ့ကာ သေနတ်သမားခြောက်ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း မီဒီယာများက ဖော်ပြကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ၏ ပြောကြားချက်တွင် ဓားစာခံ ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဓားစာခံအချို့ သတ်ဖြတ်ခံခဲ့ရကြောင်း၊ သေနတ် သမားခြောက်ဦးကို သုတ်သင်နိုင်ခဲ့ပြီး တစ်ဦးကို အရှင်ဖမ်းဆီးမိခဲ့ကြောင်း ပြောကြားခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍မူ ''စစ်သွေးကြွများ၏ တိုက်ခိုက်မှု''ဟု ဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ အနောက်ဘက်အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ လူဦးရေသန်း ၁၅ဝ ခန့်ရှိပြီး အများစုမှာ အစ္စလာမ်ဘာသာ ဝင်များဖြစ်ကြသည်။ က္ဘာပေါ်ရှိ အခြားဒေသများမှာကဲ့သို့ အစွန်းရောက် အတွေးအခေါ်များနှင့် အစွန်းရောက်ဝါဒများ ၄င်းတို့နိုင်ငံအတွင်း ဝင်ရောက်မလာစေရန် အစိုးရအနေဖြင့် ကြိုးပမ်းခဲ့သည့်တိုင် လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဘာသာရေးအမည်ခံ အစွန်းရောက်အကြမ်းဖက် လုပ်ရပ်များဖြစ်သော သတ်ဖြတ်မှုများ ဒေသအနှံ့အပြားတွင် ဖြစ်ပွား ခဲ့သည်။ ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဝေဖန်ပြစ်တင်မှု များ တစ်စတစ်စများပြားလာမှုကို တုံ့ပြန်သည့်အနေဖြင့် စစ်သွေးကြွ နှိမ်နင်းရေး စီမံချက်ရေးဆွဲပြီး လွန်ခဲ့သည့်လအတွင်းက အကောင်အထည် ဖော်ခဲ့ရာ ဖမ်းဆီးထိန်းသိမ်းခံရသူအများစုမှာ သာမန်ရာဇဝတ်မှုကျူးလွန် သူများက အများစုဖြစ်ပြီး ဘာသာရေးအစွန်းရောက်များ မပါကြောင်း လည်း သတင်းများထွက်ပေါ်ခဲ့သည်။
ဒါကာသံတမန်ရပ်ကွက် စားသောက်ဆိုင်တိုက်ခိုက်မှုနှင့် ပတ်သက်၍ လက်နက်ကိုင်အကြမ်းဖက်သမားများက အစ္စလာမ်ဘာသာ၏ အထွတ် အမြတ် ဥပုသ်လပထမဆုံး သောကြာနေ့ကို ယ-ရက်အဖြစ် ရွေးချယ် တိုက်ခိုက်ကာ ဘာသာရေးအသွင်ကို ဆောင်စေခဲ့ပြီး သံတမန်ရပ်ကွက် အတွင်းရှိ နိုင်ငံခြားသားများအကြိုက် စားသောက်ဆိုင်ကို ရွေးချယ် တိုက်ခိုက်ကာ က္ဘာ့နိုင်ငံများ၏ အာရုံစိုက်မှုကိုရယူခဲ့သည်။ တိုက်ခိုက် မှု၏နောက်ကွယ်မှ ကြိုးကိုင်သူမှာ အိုင်အက်စ်အဖွဲ့ဖြစ်မည်လား၊ အိန္ဒိယ တိုက်ငယ် အယ်လ်ခိုင်ဒါအဖွဲ့ဖြစ်မည်လား ဆိုသည်ကို မသိရသေးသည့် တိုင် အဆိုပါအဖွဲ့များ မိမိတို့နိုင်ငံအတွင်း တည်ရှိမနေကြောင်း အကြိမ် ကြိမ်ငြင်းဆိုထားခဲ့သည့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ပြန်လည်စိစစ်ရ တော့မည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်မူ မိမိတို့နှင့် ဆက်ဆံရေးကောင်းရှိသော အိမ်နီးချင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အတွက် စာနာထောက်ထား မှုများပြသရမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံ၏ အတွင်းအပြင်လုံခြုံရေးတို့ ကျိုးပေါက်မှုမရှိစေရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများ ကသာမက တိုင်းရင်းသူ တိုင်းရင်းသား ၊ နိုင်ငံသူ နိုင်ငံသားအားလုံးက မပြတ်သောသတိဖြင့် စောင့်ကြည့်ကာကွယ်သွားကြရန် လိုအပ်မည်ဖြစ် သည်။ ဒါကာမြို့ သံတမန်ရပ်ကွက် စားသောက်ဆိုင်တိုက်ခိုက်မှုဖြစ်စဉ် တွင် အကြမ်းဖက်သေနတ်သမား ၁ဝ ဦးလျော့လျော့ကို ဘင်္ဂလားဒေ့ရှ် စစ်ဘက်၊ ရဲဘက်မှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ယ္တရားများ၊ လျှပ်တစ်ပြက် တုံ့ပြန်တိုက်ခိုက်ရေးတပ်ဖွဲ့များ၊ အကြမ်းဖက် တန်ပြန်နှိမ်နင်းရေး ရဲတပ်ဖွဲ့များ၊ ဗုံးရှင်းလင်းရေးအဖွဲ့များ၊ လက်ဖြောင့်သေနတ်သမားများ စသည်ဖြင့် ရာနှင့်ချီ၍ ညလုံးပေါက် ဝိုင်းပတ်ဝန်းရံကာ တစ်နာရီ ကျော်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရာတွင် ထောင်နှင့်ချီ၍ အပြန်အလှန် ပစ်ခတ်မှု၊ ဖောက်ခွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဓားစာခံအချို့နှင့် တပ်ဖွဲ့ဝင်အချို့ အသက်ပေးခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် လုံခြုံရေးကျိုးပေါက်ခဲ့ပါက ရှင်းလင်းရခက်သည့်သာဓကကို တွေ့ရမည်ဖြစ်သည်။
ကောင်းမြတ်သော ဗြဟ္မစိုရ်တရားတို့ ထွန်းကားသည့် လူ့အဖွဲ့ အစည်းများဖြစ်အောင် တည်ဆောက်ကြခြင်းဖြင့်သာ အကြမ်းဖက်မှု၊ တိုက်ခိုက်သတ်ဖြတ်မှုကင်းသည့် ငြိမ်းချမ်းသောဒေသ၊ ငြိမ်းချမ်း သောနိုင်ငံ၊ ငြိမ်းချမ်းသောက္ဘာကို မျက်မှောက်ပြုနိုင်ကြမည် ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment