Monday, July 4, 2016

ဗိုလ်ချုပ်ကြေးရုပ်နှင့် ပန်းခြံစိမ်းလန်းစိုပြည်ရေး အထူးအလေးပေးဆောင်ရွက်


The Mirror Daily's photo.
ရန်ကုန် ဇူလိုင် ၃
နှစ်စဉ် ဇူလိုင်လ ၁၉ ရက်(အာဇာနည်နေ့)ရောက်တိုင်း ပြည်သူလူထုသည် ကန်တော်ကြီးပတ်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် နိုင်ငံတော်သီချင်း၊ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသည့် တေးသီချင်းများ သီဆိုခြင်းများဖြင့် အမြဲလာရောက်၍ ငြိမ်သက်ဂါရဝပြုကြသည်။ ယင်းကြောင့် မကြာမီကျရောက်တော့မည့် (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်ကြေးရုပ်နှင့် ပန်းခြံဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ သိရသည်။
''ဗိုလ်ချုပ်ကြေးရုပ်ကို ကျွန်တော်တို့ လေးရက်၊ ငါးရက်လောက်ကစပြီးတော့ တရော်ကင်ပွန်းနဲ့ အရင်ဆုံး ကြေးချွတ်ထားတယ်။ ပြီးတော့ ကြေးပွတ် ဆေးကိုသုံးပြီး နေပူတဲ့အချိန်မှာ ကြေးချွတ်သွားမယ်။ေ ကြွပြားတွေ ကပ်ထားတွေကိုပါ တစ်ခါတည်း သန့်ရှင်းရေးလုပ်သွားမယ်။ ဗိုလ်ချုပ်အဝန်းအဝိုင်း စိမ်းလမ်းစိုပြည်ရေးကတော့ အမြဲတမ်းလုပ်နေတဲ့ အတွက် ထူးထူးခြားခြား လုပ်စရာမရှိတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ဝန်းကျင် စိမ်းလမ်း စိုပြည်ရေးကတော့ မေ ၇ ရက်၊ ၈ ရက်လောက် ကတည်းက လုပ်ဆောင်နေတဲ့အပြင် ရာသီပေါ် သီးပင်စားပင်တွေကိုလည်း ဆက်လက်စိုက်ပျိုး နေပါတယ်။''
''ကျွန်တော်တို့ ပန်းဥယျာဉ်အနေနဲ့ကတော့ ပြည့်စုံလုံလောက်တဲ့ အနေအထားရှိနေကြပါပြီ''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန တောင်ပိုင်း ခရိုင်မှူး ဦးအောင်ဇော်ဦးက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းပြသည်။
ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို ယခင်က အိန္ဒိယဘုရင်ခံချုပ် လော့ဒါလဟိုဇီ ကိုဂုဏ်ပြုသည့် အနေဖြင့် ဒါလဟိုဇီပန်းခြံဟု ခေါ်တွင်ခဲ့သည်။ လွတ်လပ်ရေးရရှိပြီးသည့်နောက် ဗိုလ်ချုပ် အောင်ဆန်းပန်းခြံဟု ပြောင်းလဲခေါ်တွင်စေခဲ့သည့် အပြင် ဗိုလ်ချုပ်၏ မွေးရပ်ဇာတိကို ဂုဏ်ပြုသည့် အနေဖြင့် ပန်းခြံရှေ့ရှိ လမ်းမကြီးကိုလည်း နတ်မောက်လမ်းဟု ခေါ်တွင်ခဲ့သည်။
၁၉၅၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဗိုလ်ချုပ်ပန်းခြံ၌ ဗိုလ်ချုပ်ပုံတူကြေးရုပ်ကို နိုင်ငံတော် သမ္မတကြီး အဂ္ဂမဟာသီရိသုဓမ္မ ဒေါက်တာဘဦးက နိုင်ငံတော်အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။ နှစ် ၆ဝ ကျော်ကြာ တည်ရှိနေခဲ့သည့် ဗိုလ်ချုပ် ကြေးရုပ်ကို လန်ဒန်မြို့ရှိ ဆာဂျွန်ကက်စ် အနုပညာ ကျောင်းမှ ကျောင်းအုပ်ကြီး ပန်းပုပညာရှင် မစ္စတာ ကော့ပ်နောလ်က သွန်းလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းခေတ်က Óဏ်ပူဇော်ခအဖြစ် စတာလင်ပေါင် ၂ဝဝဝ(မြန်မာကျပ်ငွေ ၂၆ဝဝဝ ကျော်)ကို ပေးအပ် ခဲ့သည်။ ဗိုလ်ချုပ်ကြေးရုပ်၏အမြင့်မှာ ၈ ပေ ၄ လက်မရှိကြောင်း သိရသည်။
သတင်း-ခင်ဇာလီ
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment