Sunday, July 3, 2016

အရှေ့တောင်အာရှ လူငယ်ဘော်လီဘောပြိုင်ပွဲ ပွဲဦးထွက်ပွဲ၌ မြန်မာ(ခ)အသင်း အနိုင်ရ




The Mirror Daily's photo.


သတင်း - ရဲရင့်ရှိုင်း ၊ ဓာတ်ပုံ - ကိုကိုစိုးညွန့်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ်ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲနှင့် ပထမနေ့ပွဲစဉ် များကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပသည်။

ပထမနေ့ပွဲစဉ်များ ဆက်လက်ကျင်းပရာ မြန်မာ(ခ)၊ ထိုင်းနှင့် အင်ဒိုနီးရှားအသင်းတို့ အနိုင်ရရှိခဲ့သည်။ မြန်မာ(ခ)အသင်းသည် အုပ်စု (က)တွင် ပါဝင်နေပြီး စင်ကာပူအသင်းနှင့် ပွဲဦးထွက်ပွဲစဉ် ယှဉ်ပြိုင်ကစား ခဲ့ရာ သုံးပွဲပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် စင်ကာပူ အသင်းကို ၂၅-၁၅ မှတ်၊ ၂၅-၂၃ မှတ်၊ ၂၅-၁၄ မှတ်တို့ဖြင့် သုံးပွဲပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ အခြားပွဲစဉ်တွင် ထိုင်းအသင်းက နယူးဇီလန်အသင်းကို သုံးပွဲပြတ်၊ အင်ဒိုနီးရှားအသင်းက မော်လ်ဒိုက်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းပြိုင်ပွဲကို ခုနစ်သင်းယှဉ်ပြိုင်လျက်ရှိပြီး အုပ်စု(က)တွင် မြန်မာ(ခ)၊ ထိုင်း၊ နယူးဇီလန်၊ စင်ကာပူ၊ အုပ်စု(ခ)တွင် မြန်မာ(က)၊ အင်ဒိုနီးရှား၊ မော်လ်ဒိုက်တို့ပါဝင်နေသည်။

အုပ်စု ဒုတိယနေ့ပွဲစဉ်များကို ဇူလိုင် ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မွန်းတည့် ၁၂ နာရီတွင် မြန်မာ(ခ)အသင်းနှင့် နယူးဇီလန်အသင်း၊ မွန်းလွဲ ၂ နာရီတွင် စင်ကာပူအသင်းနှင့် ထိုင်းအသင်း၊ ညနေ ၄ နာရီတွင် မြန်မာ(က)အသင်းနှင့် မော်လ်ဒိုက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

No comments:

Post a Comment