Sunday, July 3, 2016

မြန်မာ့တပ်မတော်နှင့် လာအိုပြည်သူ့တပ်မတော်တို့ ချစ်ကြည်ရေးဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစား


The Mirror Daily's photo.
နေပြည်တော် ဇူလိုင် ၂
မြန်မာ့တပ်မတော်နှင့် လာအိုပြည်သူ့တပ်မတော်တို့၏ ချစ်ကြည်ရေး ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိတပ်မတော်အားကစားရုံများ၌ သီးခြားစီယှဉ်ပြိုင်ကစားကြသည်။
ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (B)၌ ကျင်းပရာ မြန်မာ့တပ်မတော်ဘော်လီဘောအသင်းက လာအိုပြည်သူ့တပ်မတော် ဘော်လီဘောအသင်းကို ၂၅-၂၇၊၂၅-၁၇၊၂၅-၉၊၂၅-၁၆ မှတ်(သုံးပွဲ-တစ်ပွဲ)ဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ မြန်မာ-လာအို တပ်မတော်ချစ်ကြည်ရေးပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(C)၌ ယှဉ်ပြိုင်ကစားကြရာ မြန်မာ့ တပ်မတော်ပိုက်ကျော်ခြင်းအသင်းက လာအိုပြည်သူ့တပ်မတော်ပိုက်ကျော်ခြင်း အသင်းကို ၂၁-၁၈၊ ၂၁-၁၉ မှတ်(နှစ်ပွဲပြတ်)ဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါချစ်ကြည်ရေးအားကစားပြိုင်ပွဲများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာ နိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးနှင့်ဇနီး၊ လာအို ပြည်သူ့တပ်မတော်မှCol.Bountao Thongmanila နှင့် အရာရှိများ၊ စစ်သံမှူး Col. Daokai LERTLIBANH၊
ကာကွယ်ရေးဦးစီးချုပ်(ကြည်း၊ရေ၊ လေ)မှ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် နေပြည်တော်တိုင်းစစ်ဌာန ချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက် ကြည့်ရှုအားပေးကြသည်။
မြန်မာ့တပ်မတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံ များနှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့များ၊ လေ့လာရေးအဖွဲ့များ အပြန် အလှန်စေလွှတ်ခြင်း၊ တပ်မတော် ချစ်ကြည်ရေးအားကစားပြိုင်ပွဲ ယှဉ် ပြိုင်ကစားခြင်းများ ပြုလုပ်၍ တပ်မတော်အချင်းချင်းဆက်ဆံရေး နှင့် ချစ်ကြည်ရင်းနှီးမှုပိုမိုကောင်းမွန် စေရေး တိုးမြှင့်လုပ်ဆောင်လျက်ရှိ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment