Tuesday, July 5, 2016

ပထမအကြိမ် အထက်မြန်မာပြည် နိုင်ငံတကာအဆင့်မီ ဟင်းချက်ပြိုင်ပွဲကျင်းပ၊ အသင်းအဖွဲ့ ၃ဝဝ ကျော်ပါဝင်ယှဉ်ပြိုင်

The Mirror Daily's photo.
မန္တလေး ဇူလိုင် ၎
မြန်မာနိုင်ငံ စားဖိုမှူးများအသင်းနှင့် WACS တို့၏ ပံ့ပိုးကူညီမှုနှင့် MCA MANDALA မှ ဦးစီးကျင်းပသော ပထမအကြိမ် အထက်မြန်မာပြည် နိုင်ငံတကာအဆင့်မီဟင်းချက်ပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင် ၄ ရက် နံနက် ၉ နာရီ က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၇၈)လမ်းနှင့်(၃၄) လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ Mandalay Yatanar Mally ပရိုမိုးရှင်းဧရိယာ၌ ကျင်းပရာ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ဈေးနှင့်သား သတ်ဌာနဌာနမှူး ဦးသိန်းဌေးနှင့် မြန်မာနိုင်ငံ စားဖိုမှူးများအသင်း Oliver E Soe Thet နှင့် Mandalay Yatanar mall ဒါရိုက်တာ ဦးဇော် မင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် အထက်မြန်မာပြည် နှင့်မန္တလေးမြို့ရှိ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများ၊ အသင်း အဖွဲ့များက မြန်မာ၊ တရုတ်၊ ဥရောပ၊ အိန္ဒိယဟင်းလျာများအား ချက်ပြုတ်ပြီး ပြိုင်ပွဲဝင်ကြသည်။ နိုင်ငံတကာ အဆင့်မီဟင်းချက်ပြိုင်ပွဲကို ဇူလိုင် ၄ ရက်နှင့် ၅ ရက်တို့တွင် ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံစားဖိုမှူးများ အသင်းက အကဲဖြတ်ကာ ဆုများ ထိုက်တန်စွာ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲသို့ မန္တလေးမြို့ရှိ ဟိုတယ် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ဖိတ်ကြားထား သူများ တက်ရောက်အားပေးကြသည်။
သီဟကိုကို(မန္တလေး)

No comments:

Post a Comment