Monday, July 4, 2016

အီးမေးလ်ပေးပို့မှုများအကြောင်း အက်ဖ်ဘီအိုင်က ဟီလာရီကလင်တန်အားမေးမြန်း



 


နယူးယောက် ဇူလိုင် ၃

အက်ဖ်ဘီအိုင်မှ စုံထောက်များသည် ဒီမိုကရက်တစ် သမ္မတလောင်းဟု ရေပန်းစားသူ ဟီလာရီကလင်တန်အား နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင် စဉ်က ကိုယ်ရေးကိုယ်တာ အီးမေးလ် အသုံးပြုမှုနှင့်ပတ်သက်၍ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ဝါရှင်တန်ရှိ အက်ဖ်ဘီအိုင်ဌာနချုပ်၌ စနေနေ့က မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ၃ နာရီခွဲ ကြာမြင့်ခဲ့သည်။ သမ္မတအိုဘားမား၏ ပထမသမ္မတသက်တမ်းအတွင်း ဟီလာရီကလင်တန်သည် နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်စဉ် အလုပ် နှင့် ဆက်စပ်မှုရှိသည့် အီးမေးလ်များကို ¤င်း၏ကိုယ်ပိုင်အီးမေးလ်ကို အသုံးပြု ကာ ပေးပို့ခြင်းများပြုလုပ်ခဲ့သည်။
အချို့သော မက်ဆေ့ခ်ျများမှာ လျှို့ဝှက်ချက်ဟု သတ်မှတ် ထားသည့် သတင်းအချက်အလက်များလည်း ပါဝင်သည်။ နောက်ပိုင်း တွင် ဟီလာရီကို အမေရိကန်မီဒီယာများက တယ်လီဖုန်းဖြင့် မေးမြန်းကြရာ အက်ဖ်ဘီအိုင်၏မေးမြန်းမှုကို ဖြေကြားရသည့်အတွက် ၄င်းအနေဖြင့် ဝမ်းမြောက် မိကြောင်း ဖြေကြားခဲ့သည်။
ယင်းအချိန်ကာလက ဟီလာရီသည် လျှို့ဝှက်အဆင့် သတ်မှတ်ထားသည့် သတင်းအချက်အလက်များကို လက်ခံခြင်း၊ ပေးပို့ခြင်းမပြုလုပ်ခဲ့ကြောင်း၊ ၄င်း လက်ခံရရှိထားသည့် သတင်းအချက်အလက်များကို တရားမဝင်နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းနှင့် အမှန်တရားကို သိရှိရအောင် ကြိုးပမ်းသွား မည်ဟုလည်း ပြောခဲ့သည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment