Thursday, July 7, 2016

၂ဝ၁၆ ခုနှစ် ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူ ထူးချွန်လူငယ် မနော်ဒါးခူ ကိုယ်ရေးအကျဉ်း




The Mirror Daily's photo.


တပ်ကြပ် စောသာဒေါ၊ နော်ဖောကိုတို့၏ သမီး မနော်ဒါးခူကို ၁ဝ-၇-၁၉၉၆ ခုနှစ်တွင် အမှတ် (၅၄)ခြေလျင်တပ်ရင်း တပ်ရင်းဆေးခန်း၌ မွေးဖွားခဲ့သည်။ ၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အတွင်း သူငယ်တန်းမှ စတုတ္ထတန်းထိ အမှတ်(၅၄) ခြေလျင်တပ်ရင်း တပ်တွင်းမူလတန်းကျောင်း၌ ပညာသင်ကြားခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၆ ခုနှစ် အတွင်း ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းထိ လွိုင်ကော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ပညာသင်ယူခဲ့သည်။

ပညာသင်ကြားစဉ် မွေးရာပါလက်နှစ်ဖက် မပါသဖြင့် ခြေထောက်ဖြင့် စာရေးသားနိုင်ရေးကို သူငယ်တန်းမတက်မီကပင် မိဘများ၏ အကူအညီ ဖြင့် ခက်ခဲစွာ လေ့ကျင့်ခဲ့ရသည်။ အခက်အခဲများ ရှိသော်လည်း မလျှော့သည့် ဇွဲ၊ လုံ့လဖြင့် ကြိုးစားမှုကြောင့် သူငယ်တန်းမှ အဋ္ဌမတန်းအထိ နှစ်စဉ်အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သည်။ ကျန်းမာရေး အခြေအနေကြောင့် နဝမတန်း၌ ပထမနှစ်ကျရှုံးခဲ့ ပြီး နှစ်နှစ်ဖြေဆိုခဲ့ရသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်နှင့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို နှစ်နှစ်ကျရှုံးခဲ့ပြီး မလျှော့သောဇွဲဖြင့် ဆက်လက် ဖြေဆိုခဲ့ရာ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်၌ အောင်မြင်စွာဖြေဆိုနိုင်ခဲ့သည်။ တက္ကသိုလ်ဝင် စာမေးပွဲအား ကျောင်းနှင့်နီးသည့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)တွင် တာဝန်ထမ်းဆောင်နေသော ကိုယ်ပိုင်အမှတ်၊ တ-၁၆၈၈၂၃ တပ်သား မျိုးထွန်းဦး၏ဇနီး မနော်သမေဖော(အစ်မအရင်းဖြစ်သူ)၏ နေအိမ်တွင် မှီခိုနေထိုင်ရင်း အစ်မနှင့် အစ်မ၏ ခင်ပွန်းဖြစ်သူတို့၏ ကူညီစောင့်ရှောက်မှု၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)ရှိ တပ် မိသားစုများ၏ ကူညီစောင့်ရှောက်မှုများဖြင့် အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သည်။

အနာဂတ်ရည်မှန်းချက်

တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်အောင် ကြိုးစား၍ ဖြေဆိုနိုင်ခဲ့ပြီးဖြစ်သည်။

သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးခဲ့သည့်အချိန်အထိ စုစုပေါင်း ကျောင်းနေ သက် (၁၇)နှစ်ကြာမြင့်အောင် ကြိုးစားခဲ့ပြီးမှ အစ်ကိုနှင့်အစ်မများကဲ့သို့ ကျောင်းမထွက်လိုပါ။ သင့်တင့်မျှတသော အဆင်ပြေမှုဖြင့် မိဘနှစ်ပါးကို ရော ခဲအိုနှင့်မိသားစုတို့အတွက်ကိုပါ ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်စေလိုပါ။

တက္ကသိုလ်တွင် ဘွဲ့ရသည်အထိ ဆက်လက် ပညာသင်ကြားလိုပါသည်။ ဘွဲ့မရရအောင်ယူပြီး မိမိနှင့်သင့်လျော်သည့် ဌာန/အလုပ်တစ်ခုခု၌ တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိပါသည်။

No comments:

Post a Comment