
ဒမတ်စကတ် ဇူလိုင် ၂
ဆီးရီးယားမြို့တော် ဒမတ်စကတ် အနီးတွင် ဇူလိုင် ၁ ရက်က စစ်လေ ယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း၊ ယင်းမှာ လေယာဉ်၏ စွမ်းဆောင်နိုင်မှု ပျက်ပြားခြင်းကြောင့် ဖြစ်ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြား သတင်း၌ ဖော်ပြသည်။
အဆိုပါ စစ်လေယာဉ်သည် ဒမတ်စကတ်မြို့ အရှေ့ဘက်အခြမ်း၌ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူးများ အရေးပေါ် အသက်ကယ်ထိုင်ခုံကို အသုံးပြုကာ လွတ်မြောက်သွားကြောင်းနှင့် လွတ်မြောက်သွားသည့် လေယာဉ်မှူးအား ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းများတွင် ဖော်ပြသည်။
ဒမတ်စကတ်မြို့ အရှေ့ဘက် ခြမ်းဒေသသည် သူပုန်များ၏ ထိန်းချုပ်ထားမှုအောက်တွင် ကြီးမားစွာကျရောက်နေပြီး ဆီးရီးယားအစိုးရ၏ ထုတ်ပြန်ချက်၌ အဆိုပါ လေယာဉ် ပျက်ကျရာနေရာကို တိကျစွာ ဖော်ပြ ခြင်းမရှိပေ။
ဆီးရီးယားနိုင်ငံတွင် ငါးနှစ်ကြာ ဖြစ်ပွားနေသည့် လက်နက်ကိုင် တိုက်ခိုက်မှုများအတွင်း ဆီးရီးယား စစ်လေယာဉ်များ ပျက်ကျမှုအချို့ ဖြစ်ပေါ်ခဲ့သည်။
လွန်ခဲ့သည့် လအတွင်းကလည်း ဆီးရီးယား စစ်လေယာဉ်တစ်စင်း နိုင်ငံအလယ်ပိုင်း ဟာမာပြည်နယ်၌ ပျက်ကျခဲ့ရာ ယင်းမှာလည်း လေယာဉ်၏ စွမ်းဆောင်ရည်ပျက်ပြားခြင်း ကြောင့်ဖြစ်ကြောင်း တရားဝင်သတင်းများ၌ ဖော်ပြသည်။
ဆင်ဟွာ။
No comments:
Post a Comment